ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ရမ်စ်ဒဲလ်ကို တစ်ဦးချင်း ချီးကျူးဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ
10:58 AM, 26 November
စနေနေ့က ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အာတီတာက ရမ်စ်ဒဲလ်ကိုတစ်ဦးချင်းချီးကျူးဖို့ ငြင်းဆန်လိုက်ပါတယ်။
ရမ်စ်ဒဲလ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရာယာမပါဝင်နိုင်ခဲ့တာကြောင့် ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပြီး ပထမပိုင်းမှာ အမှားများခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲအပြီးမှာ သူ့မျက်နှာကအပြုံးတွေဝေခဲ့သလို ဥမင်ထဲမဝင်ခင် အာဆင်နယ်အသင်းဖော်တွေနဲ့ဝန်ထမ်းတွေက လက်ချင်းရိုက်ခဲ့ကြတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက အင်တာဗျူးဖြေစဉ် တစ်ဦးချင်းချီးကျူးမှုုပြုလုပ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ရမ်စ်ဒဲလ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အာတီတာက “အသင်းရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်ကျေနပ်ပါတယ်။ သူတို့ဒီနေ့စွမ်းဆောင်ပြခဲ့တာရယ် ပေးဂိုးမပေးရအောင် လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်တော်ကျေနပ်ပါတယ်။
အသင်းက ဒီနေ့မှာမျှော်လင့်ထားသလိုဖြစ်ခဲ့ပါတယ်။ ဟာဗက်ဇ်အတွက်လည်း ဝမ်းသာမိပါတယ်။ ခင်ဗျားအနေနဲ့ လူတိုင်းရဲ့တုံ့ပြန်မှုကို မြင်နိုင်ပါတယ်။ သူ့ကို ပရိသတ်တွေဘယ်လောက်ချစ်လဲဆိုတာ သူကအသင်းဆီကို ဘယ်လောက်ယူဆောင်လာပေးနိုင်လဲဆိုတာရယ် သူဘာလုပ်ပြနိုင်လဲဆိုတာရယ်ကိုလည်း မြင်ပါတယ်။
ဒီနေ့ ဒီလိုအခိုက်အတန့်တွေမှာ သူကပွဲကိုပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့ ခံစစ်ကလည်း ချိန်သားကိုက်ပါတယ်။ ပြီးပြည့်စုံတဲ့အဆုံးသတ်နဲ့ ကျွန်တော်တို့ ဒီနေ့ပွဲကိုအနိုင်ရခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အိုဝင်ဟားဂရေ့ဗ် နဲ့ ဒါရင်းဘန့်တ်တို့ကလည်း ရမ်စ်ဒဲလ်နဲ့ပတ်သက်ပြီး သူတို့အမြင်ကိုပြောကြားခဲ့ပါတယ်။ “သူ(ရမ်စ်ဒဲလ်)က အမှားတွေလုပ်ခဲ့ပေမယ့် အဲ့တာက အသင်းကိုမထိခိုက်စေပါဘူး။ အဲ့တာက တကယ့်ကိုအပေါင်းလက္ခဏာဆောင်စေပါတယ်။
ပြီးတော့ ရာယာမပါဝင်နိုင်ချိန်မှာ ရမ်စ်ဒဲလ်အတွက် ကြီးမားတဲ့အခိုက်အတန့်ပါ။ ရာယာအာဆင်နယ်ကိုပြောင်းလာတဲ့အချက်တစ်ချက်က ဘာလို့လဲဆိုတော့ သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေချိန်ဆိုရင် အရမ်းကောင်းတာကြောင့်ပါ။
သာမန်အားဖြင့် ရမ်စ်ဒဲလ်က ကောင်းမွန်တဲ့ပေးပို့သူတော့မဟုတ်ပါဘူး။ ပထမပိုင်းတုန်းက အမှားဆိုရင် အဆင်မပြေပါဘူး။ သူ့အတွက် အဲ့တာက ခက်ခဲတဲ့အမှားဖြစ်ပေမယ့် ဆက်ပြီးစွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူက အဲ့တာနဲ့အဆင်ပြေအောင်လုပ်ရပါတယ်။ သူ့ကိုအာဆင်နယ်ပရိသတ်တွေဘယ်လောက်ချစ်လဲဆိုတာကို မြင်နိုင်ပါတယ်။ သူတို့ ရမ်စ်ဒဲလ်ကို ချစ်နေကြဆဲပါ။ သူ့အတွက် ခက်ခဲတဲ့အခိုက်အတန့်တွေရှိတယ်ဆိုတာ သူသိပါတယ်။
ရမ်စ်ဒဲလ်တစ်ယောက် ခက်ခဲတဲ့အခိုက်အတန့်တွေဖြတ်သန်းနေရတယ်ဆိုတာကို သူတို့သိပါတယ်။ ပထမပိုင်းမှာ တိုက်စစ်အတွက် ဘယ်လိုမှအဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် အိုဝင်ပြောသလို သူအပေါင်းလက္ခဏာဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ကာကွယ်မှုအနည်းငယ်ပဲရှိခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့တာက သူ့အတွက် ခက်ခဲစေခဲ့ပါတယ်”လို့ ဟားဂရေ့ဗ် နဲ့ ဘန့်တ်တို့က ပြောကြားခဲ့ပါတယ်။
#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်