ရှေ့သို့
Image

ဗင်နီဆီးယက်စ်နေရာကို အစားထိုးမယ့်အကြောင်း အတည်ပြုခဲ့တဲ့ အန်ဆယ်လော့တီ

10:19 AM, 26 November

ရီးရဲလ်မက်ဒရစ်စတား ဗင်နီဆီးယက်စ်တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ဇန်နဝါရီအကုန်မတိုင်ခင်အထိ နားရဖွယ်ရှိနေပြီး အန်ဆယ်လော့တီက သူ့နေရာမှာ ရိုဒရီဂို နဲ့ ဂျိုလီဆူးတို့ရှိနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီမှာ ရီးရဲလ်က အစားထိုးမယ့်အခြေအနေရှိနေပေမယ့် အန်ဆယ်လော့တီက ဗင်နီဆီးယက်စ်နေရာမှာ လူငယ်တွေဖြစ်တဲ့ ရိုဒရီဂွက်ဇ် ၊ ဂွန်ကာလိုဂါစီယာတောရက်စ်တို့ကိုလည်း နေရာပေးဖို့ ပြင်ဆင်နေပါတယ်။

ကာဒစ်ဇ်နဲ့ပွဲမတိုင်ခင် အန်ဆယ်လော့တီက သတင်းစာရှင်းပွဲမှာ အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဂွန်ကာလို ၊ နီကိုတို့နဲ့ ပူးတွဲမလုပ်ဆောင်တာရှိပါတယ်။ ရိုဒရီဂွက်ဇ်က ပြီးခဲ့တဲ့ရာသီတုန်းက သူအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ 

သူ ကက်စ်တယ်လာကိုပြန်လာချိန်မှာ စွမ်းဆောင်ရည်က ဆိုးဝါးခဲ့ပါတယ်။ သူ့မှာအခွင့်အရေးနည်းနည်းပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ သူ့နေရာမှာ ဂျိုလီဆူးရှိနေတာကြောင့်ပါ။

ဂွန်ကာလိုကတော့ မတူညီတဲ့အနေအထားမျိုးဖြစ်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ဂွန်ကာလိုဟာ ရီးရဲလ်အသင်းနဲ့အတူ စီနီယာကစားသမားဘဝပွဲဦးထွက်ပါဝင်ခွင့်မရသေးပေမယ့် လာမယ့်အပတ်တွေမှာ ဗင်နီဆီးယက်စ်ပြန်မလာခင်အထိ နေရာရလာဖွယ်ရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဗင်နီစီးယက်စ်