ရှေ့သို့
Image

ဂျောဂျီယာနဲ့ စပိန်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဂါဗီအတွက် အားပေးစာတစ်ဆောင်ပို့ပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်

12:52 PM, 25 November

ဗယ်လာဒိုးလစ်မြို့တွင် စပိန်လက်ရွေးစင်အသင်းနဲ့ ဂျော်ဂျီယာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ အုပ်စုပိတ်ပွဲစဉ်အတွင်း အိမ်ရှင် စပိန်အသင်းက ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ဂါဗီ ပြင်းထန်ဒဏ်ရာ ရခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ်က အားပေးစာတစ်စောင်ပို့လိုက်တာပဲ ဖြစ်ပါတယ်။

ဂါဗီအနေဖြင့် ဘာစီလိုနာအသင်းတွင်သာမက နိုင်ငံအသင်းအတွက်ပါ ခြေစွမ်းပြကစားနေပြီး သွင်းဂိုးတွေ သွင်းယူပေးနိုင်နေတာပဲ ဖြစ်ပါတယ်။ စူပါစတား ဟာလန်းပါဝင်တဲ့ နော်ဝေအသင်းနဲ့ပွဲစဉ်တွင် ကစားရကြပ်နေချိန် ပွဲစဉ်ရဲ့ ရလဒ်အပေါ် အပြောင်းအလဲဖြစ်စေမယ့် သွင်းဂိုးကို ဂါဗီက သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါသွင်းဂိုးနဲ့အတူ စပိန်အသင်းက အနိုင်ရခဲ့သလို အုပ်စုတွင်း ပြိုင်ဘက် စကော့တလန်အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း ဝင်ရောက်ကစားခွင့်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းအနေဖြင့် နော်ဝေအသင်းကို အနိုင်ကစားနိုင်ခဲ့တာကြောင့် ရမှတ် ၃ မှတ်ပြည့်ရခဲ့ကာ စကော့တလန်အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ကစားခွင့် အတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ အုပ်စုပိတ်ပွဲစဉ်အဖြစ် ဂျော်ဂျီယာအသင်းကို လက်ခံကစားရစဉ် ပြင်းထန်ဒဏ်ရရခဲ့တဲ့ ဂါဗီအတွက် ဘာစီလိုနာအသင်းရဲ့ အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကစားသမား ဖြစ်ပေမဲ့ စပိန်အသင်းဖော်ဖြစ်တဲ့ ကာဗာဂျယ်လ်ကလည်း မကြာသေးခင်အတောအတွင်းကမှ အားပေးစကားဆိုထားတာလည်း ဖြစ်ပါတယ်။ စပိန်ဘက်မှ ဖော်ပြလာတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကာဗာဂျယ်လ်အပြင် မက်ဒရစ်အခြေစိုက်ကလပ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကိုယ်တိုင် ညာဘက်ဒူးဒဏ်ရာရနေတဲ့ လာမာစီယာစတားဘွိုင်းအတွက် ခွန်အားပေးစကားတွေပါဝင်တဲ့ စာတစ်စောင် ရေးပို့လိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဂါဗီ #ရီးရဲလ်မက်ဒရစ် #ပီရက်ဇ်