ရှေ့သို့
Image

ဘိုင်ယန်က ပစ်မှတ်ထားနေတဲ့ တိုမီယာဆုကို အသင်းမှာပဲ ဆက်ရှိနေဖို့ အာတီတာ အလိုရှိနေ

11:12 AM, 25 November

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်စတား တိုမီယာဆုကို ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် အာတီတာက ဂျပန်သားတစ်ယောက် အသင်းကနေ မထွက်ခွာဖို့ မျှော်လင့်နေပါတယ်။

ဂျာမန်ချန်ပီယံဟာ ဈေးကွက်ထဲမှာ နောက်ခံလူတစ်ဦးရှာဖွေနေပြီး ဂျပန်စတားကို ပစ်မှတ်စာရင်းထဲထည့်ထားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ တိုမီယာဆုအတွက် ဘိုင်ယန်ရဲ့ဘယ်ချဉ်းကပ်မှုကိုမဆို ပယ်ချသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်သားဟာ ပြီးခဲ့တဲ့အပတ်တွေကမှ ခြေစွမ်းတိုးတက်လာခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ အောက်တိုဘာလတစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားခဲ့ပါတယ်။

သောကြာနေ့က ပွဲကြိုသတင်းစာရှင်းပွဲမှာ အာတီတာက တိုမီယာဆုနဲ့ပတ်သက်ပြီး “ကျွန်တော် သူ့ကိုအသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော် သူ့ကိုတန်ဖိုးအများကြီး ထားပါတယ်။ သူ့ကို အသင်းကလူတိုင်းက ချစ်ကြသလို လေးလည်းလေးစားကြပါတယ်။ သူက အခုဆိုအသင်းကိုအများကြီးအကျိုးပြုနိုင်သလို ကျွန်တော်တို့နဲ့ပဲ ဆက်ရှိနေစေချင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

တိုမီယာဆုဟာ ဒီရာသီအာဆင်နယ်အတွက် အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး အာတီတာရဲ့မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်လာနေပါတယ်။ ဂျပန်သားဟာ ယခင်တုန်းက ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီး အခုတော့ စွမ်းဆောင်ရည်တည်ငြိမ်လာတဲ့အနေအထားမှာ ဘိုင်ယန်က စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #တိုမီယာဆု #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ်