ရှေ့သို့
Image

မန်စီးတီးနှင့် ပွဲမတိုင်မီ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဆုဖလား ရရှိနိုင်မှု အခွင့်အရေးအပေါ် ပြောကြားလိုက်တဲ့ အာနိုးလ်

10:04 AM, 25 November

လီဗာပူးဟာ မန်စီးတီးနဲ့ နောက်တစ်ကြိမ်ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေပြီး အသင်းရဲ့ ရည်မှန်းချက်က ၂၀၂၃-၂၄ ရာသီမှာ လိဂ်ဖလား ဆွတ်ခူးဖို့ ဖြစ်ပါတယ်လို့ အလက်ဇန်းဒါးအာနိုးလ်က ပြောကြားလိုက်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၉-၂၀ ရာသီတွင် သမိုင်းဝင်ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး နောက်ဆုံး၅ ရာသီရဲ့ ၂ ကြိမ်မှာ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ထိပ်ဆုံးလေးသင်းအတွင်းသို့ မဝင်ရောက်ခဲ့ပေမယ့် စနေနေ့ အီသီဟက်တွင် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ဒုတိယနေရာသို့ ရောက်မယ့် နည်းလမ်းကို ပြန်တွေ့ခဲ့ပါတယ်။

အာနိုးလ်က မန်စီးတီးနှင့် ကစားမယ့်ပွဲမတိုင်မီ အန်ဖီးလ်ရှိ သဘောထားကို "မန်စီးတီးအတွက်မဟုတ်ရင် ကျွန်တော်တို့ လိဂ်ဖလားသုံးကြိမ်မှာ ရမှာပါ။ ကျွန်တော်တို့က တစ်ကြိမ်အနိုင်ရခဲ့ပေမယ့် နောက်ထပ် ၂ကြိမ် မှာတော့ နီးစပ်ခဲ့ပါတယ်။ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်း ခံစားမိပါတယ်" "အဝတ်လဲခန်းနဲ့ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေကို ကြည့်မယ်ဆိုရင် အသင်းသားတွေ၊ စိတ်ဓာတ်တွေ၊ အသင်းတစ်ဝိုက်က ခံစားချက်တွေက ကျွန်တော်တို့ အောင်မြင်တယ်လို့ ခံစားရတယ်။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ရည်မှန်းချက်က လိဂ်ဖလားကို ရယူနိုင်ဖို့ဖြစ်ပြီး ဒါက လက်ရှိရာသီရဲ့ ရည်မှန်းချက်တစ်ခုပါပဲ။ ပြီးခဲ့တဲ့ရာသီက မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် စိန်ခေါ်မှုဆိုတာ ကျွန်တော်တို့ အောင်မြင်နိုင်မယ်လို့ ယုံကြည်တဲ့ အရာတစ်ခုပါ" လို့ ပြောပါတယ်။

လီဗာပူးဟာ မာနေး၊ ဖာမီနိုတို့နှင့် လမ်းခွဲပြီးနောက် မကြာသေးမီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး အာနိုးကတော့ အသင်းဟာ ချန်ပီယံဆုဖလားကို ရယူရန် အသင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ "ဒီလိုမှမဟုတ်ရင် ထိပ်ဆုံးလေးသင်းသို့ ပြန်ရောက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တိုင်းပြောရရင် ဒီအသင်းအတွက် ဘာအမှားအယွင်းမှ မရှိပါဘူး" "ပြန်လည်တည်ဆောက်မှုတွေကို လုပ်ဆောင်နေပြီး ကစားသမားသစ်များရောက်လာသလို စီနီယာကစားသမားများစွာကလည်း ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးလေးသင်းသို့ ပြန်ရောက်ဖို့ ဒီကနေစပြီးလုပ်ရမယ်လို့ ပြောရတာ ပုံမှန်ပါပဲ။ ဒါပေမယ့် အခုအချိန်အထိ ကျွန်တော်တို့ဟာ လိဂ်ဖလားကိုရရှိနိုင်ဖို့ မျှော်လင့်ထားသလို စွမ်းဆောင်နိုင်ခဲ့ပြီး ဒါကို ဆက်ထိန်းထားမယ်ဆိုရင် မေလထဲနဲ့ အနီးအနားမှာ ရှိနေသင့်ပါတယ်"

"အခုချိန်မှာ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီး ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒါဟာ ခြေစွမ်းတည်ငြိမ်ခြင်းနဲ့သာ သက်ဆိုင်ပါတယ်" "အဲဒါက ဘောလုံးမှာ အခက်ခဲဆုံးပဲ။ ဒါပေမယ့် ကျွန်တော်တို့က အဲဒါကို လုပ်နိုင်တယ်ဆိုတာထက် ပိုပြခဲ့ပါတယ်။ ကလပ်နဲ့ အောင်မြင်မှုရခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေအားလုံးက မန်စီးတီးလို အသင်းကို စိန်ခေါ်ဖို့အတွက် လိုအပ်တဲ့အရာတွေကို နားလည်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်" "ကစားသမားသစ်တွေနဲ့ လူငယ်ကစားသမားတွေဆီကို မြန်မြန်ဆန်ဆန်ပဲ ဒီသတင်းကို ရောက်သွားစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တတ်နိုင်သမျှ အောင်မြင်ဖို့နဲ့ အသင်းတစ်သင်းအနေနဲ့ ရရှိထားတဲ့ အလားအလာတွေကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ပါ။ ပြီးခဲ့တဲ့ရာသီအစတုန်းကလည်း ဒီရာသီအစနဲ့ အတူတူပါပဲ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လိဂ်ဖလားကို ရယူနိုင်ဖို့ပါပဲ"လို့ ပြောပါတယ်။

လီဗာပူးဟာ ဒီရာသီ ၁၂ ပွဲ မှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ရမှတ် ၂၇ မှတ် ရရှိထားသော်လည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့အိမ်ကွင်းမှာ နိုင်ပွဲရရှိထာခြင်းမရှိပါဘူး။

#လီဗာပူး #မန်စီးတီး #အာနိုးလ် #ပရီးမီးယားလိဂ်