ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် အာရွန်ရမ်စ်ဒေးလ်ကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အာတီတာ
9:26 AM, 25 November
အာဆင်နယ်အသင်းနည်းပြ အာတီတာက စနေနေ့မှာ ကန်မယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြန်လာမယ့်ဂိုးသမား ရမ်စ်ဒေးလ်ကို မက်ဆေ့ချ်ပေးပို့လိုက်ပြီး တကယ်လို့ ပွဲထွက်ခွင့်ဆက်ရချင်တယ်ဆိုရင် အဆိုပါပွဲရဲ့အကောင်းဆုံး ကစားသမားဖြစ်ဖို့ လိုတယ်လို့ သတိပေးလိုက်ပါတယ်။
ဒေးဗစ်ရာယာရောက်လာမှုနဲ့အတူ ရမ်စ်ဒေးလ်ဟာ အာဆင်နယ်အသင်းရဲ့ ပထမဦးစားပေးဂိုးသမားနေရာကို လက်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။ ကြာသပတေးသတင်းတွေအရ အာတီတာက လာမယ့်နွေမှာ ရာယာကို ပေါင် ၂၇ သန်း ပေးချေပြီး အပြီးသတ်ခေါ်ယူဖို့ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အခုအပတ်မှာက ရာယာတစ်ယောက် အငှားထွက်ကစားနေတာကြောင့် စည်းမျည်းအရ ပါဝင်ခွင့်မရှိတာဖြစ်ပါတယ်။ အင်္ဂလန်သားအတွက်တော့ အခုပွဲက စက်တင်ဘာလ ၃ ရက်နေ့နောက်ပိုင်း ပထမဆုံးပွဲဦးထွက်ဖြစ်လာမှာဖြစ်ပြီး အာတီတာက “နိုး ကျွန်တော် ကစားသမားတိုင်းကို ပေးကစားဖို့ စိတ်ကူးထားပါတယ်။သူတို့က ပွဲကန်ဖို့ပဲ စိတ်လှုပ်ရှားနေကြပါတယ်။ ပြီးတော့ အမြဲတမ်းလည်းပွဲကန်ဖို့ မျှော်လင့်ထားကြပါတယ်။ တစ်ခါတလေမှာ ပွဲမတိုင်ခင်နာရီပိုင်းလောက်အလိုမှာလည်း စိတ်ပျက်ရတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် ကစားသမားအားလုံးကတော့ ကစားချင်ကြပါတယ်။ သူ့အနေနဲ့ ပင်နယ်တီ ၂ ကြိမ်ကာကွယ်ဖို့တော့ မလိုပါဘူး။ သူ့အနေနဲ့ အကေင်းဆုံးပွဲဖြစ်အောင်ပဲ ပြသဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့ကစားသမားဘဝအခက်ခဲဆုံး အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့သလို လာမယ့်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပါဝင်ခွင့်ရဖို့တောင် စိုးရိမ်မိတယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော့်အလုပ်က ကစားသမားတစ်ဦးချင်းစီ တစ်နေ့ချင်း အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပါ။ ပြီးတော့ သူတို့ကို ကစားသမားဘဝအကောင်းဆုံး အခြေအနေဖြစ်အောင် လုပ်ဆောင်ပေးဖို့ နဲ့ ထိပ်တန်းအဆင့်မှာ ဆက်လက်ထိန်းသိမ်းဖို့ပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခ့ပါတယ်။
ရမ်စ်ဒေးလ်အတွက်တော့ ဘရန့်ဖို့ဒ်နဲ့ပွဲက စမ်းသပ်ချက်ဖြစ်လာနိုင်ပြီး တကယ်လို့ အဆင်ပြေခဲ့ရင် နေရာရဖို့ အခွင့်အရေးပြန်ရလာနိုင်တာဖြစ်ပါတယ်။ “သောမက်စ် ၊ ဝန်ထမ်းတွေနဲ့ အသင်းကတစ်ယောက်ချင်းစီတိုင်းက ကျွန်တော့်အတွက် သူတို့က အကောင်းဆုံးအသင်းဖြစ်အောင် လုပ်ဆောင်ပေးနေတာပါ။ ကျွန်တော့်နောက်ကို သူတို့နှစ်ပေါင်းများစွာလိုက်ခဲ့ပြီး ဒီလိုအရာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲ့အတွက် သူတို့ကို ချီးကျူးရမှာပါ။ အောင်မြင်မှုတင်မဟုတ်ပဲ အသင်းကို အခုလိုအဆင့်မျိုးရောက်အောင် ကပို့ဆောင်ပေးနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ပတ်ဝန်းကျင်နဲ့ လိဂ်ရဲ့တောင်းဆိုမှုကြောင့် အများကြီးပြောင်းလဲခဲ့ရပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။