ရှေ့သို့
Image

ဆော်ဒီမြေကို ပြောင်းမယ့်အကြောင်း ရယ်မောဖွယ်ရာပြောကြားလာတဲ့ ချဲလ်ဆီး နည်းပြဟောင်း ဆာရီ

11:41 AM, 24 November

ချဲလ်ဆီးအသင်းနည်းပြဟောင်း ဆာရီက သူ့အနေနဲ့ ဆော်ဒီမြေမှာ နည်းပြမယ့်အကြောင်းကို ရယ်မောဖွယ်ရာ ပြောကြားလိုက်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ထိပ်တန်းကစားသမားတွေ ၊ နည်းပြတွေ နဲ့ ဒါရိုက်တာတွေကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဆာရီကတော့ လက်ရှိလာဇီယိုအသင်းမှာ နည်းပြလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းကို အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဆော်ဒီအသင်းတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

“ဆော်ဒီမှာနည်းပြရမှာလား?။ အဲ့နေရာမှာ ငါဆေးလိပ်သောက်လို့ရလား?။ အဲ့တာဆိုရင်တော့ စဉ်းစားပါ့မယ်”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ အသက် ၆၄ နှစ်သားဟာ တစ်ရက်ကို စီးကရက်အလိပ် ၆၀ လောက်သောက်လေ့ရှိတာဖြစ်ပါတယ်။

အသင်းဟောင်း နာပိုလီကတောက် ဆာရီအတွက် သူတို့ကွင်းထဲမှာ ဆေးလိပ်သောက်မယ့် ဧရိယာသီးသန့်ဆောက်လုပ်ပေးထားရတာာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းတွေဆိုတာက ဆေးလိပ်မသောက်ရတဲ့ဧရိယာဖြစ်ပြီး တကယ်လို့ ပွဲကြီးကြပ်တဲ့ဧရိယာမှာ စီးကရက်သောက်တာကိုတွေ့ရှိရင် ပွဲကိုင်တွယ်ခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

အသက် ၆၄ နှစ်သားဟာ လာဇီယိုအသင်းကို တတိယမြောက်နှစ်အဖြစ် ကိုင်တွယ်မှာဖြစ်ကာ အင်ဇာဂီ ထွက်ခွာသွားပြီးနောက် ၂၀၂၁ တုန်းက ဆာရီက အစားဝင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဆာရီရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လာဇီယိုအသင်းကို အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ခက်ခဲမှုတွေရှိလာခဲ့ပြီး လာဇီယိုအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့  အခြေအနေကောင်းနေဆဲဖြစ်ပါတယ်။ အီတလီသားကတော့ သူ့ရဲ့နည်းပြဘဝကို လာဇီယိုအသင်းမှာ ကုန်ဆုံးဖို့ အလိုရှိနေပါတယ်။

“ကျွန်တော် ဒီအသင်းမှာပဲ အနားယူဖို့ဆုံးဖြတ်ထားပါတယ်။ အချိန်ကန့်သတ်ချက်တော့မရှိပါဘူး။ အဲ့တာက ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။

#ဆာရီ #ချဲလ်ဆီး #ပရီးမီးယားလိဂ်