ရှေ့သို့
Image

ချဲလ်ဆီးကို ပုံပျက်ပန်းပျက်ဖြစ်အောင် ပြုလုပ်ခဲ့မှုအတွက် ပိုချက်တီနိုနဲ့ တော့ဒ်ဘိုလေတို့ကို ဝေဖန်လိုက်တဲ့ မာလူဒါ

4:33 PM, 23 November

ချဲလ်ဆီးဟီးရိုးမာလူဒါက ပိုချက်တီနိုလက်အောက် အသင်းဟောင်းကို လုံးဝမမှတ်မိလောက်အောင် ဖြစ်နေပြီး အာဂျင်တီးနားသားနည်းပြအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့စီမံကိန်းတစ်ခုအကြောင်း ပြောဆိုဆွေးနွေးနေခြင်းကို ရပ်တန့်လိုက်သင့်ပြီလို့ အကြုံပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပိုချက်တီနိုက ဂရေဟမ်ပေါ်တာရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ တောတ့င်ဟမ် နည်းပြဘဝမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် အင်္ဂလန်မြေဆီ ပြန်ရောက်လာခဲ့ပါတယ်။

ပိုချက်တီနိုကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်မှာလည်း ချဲလ်ဆီးက တော့ဒ်ဘိုလေ လက်အောက် စုစုပေါင်းပြောင်းရွှေ့ကြေးပမာဏပေါင်သန်း ၈၀၀ ဝန်းကျင်အထိ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဂျင်တီးနားသားနည်းပြက ကိုင်စီဒို၊ လာဗီယာအပါအဝင် အခြား ကစားသမားတွေကိုပါ ထပ်မံခေါ်ယူခဲ့လို့ အသင်းရဲ့ပြောင်းရွှေ့ကြေး အသုံးစရိတ်ပမာဏဟာ ပေါင်တစ်ဘီလျံအမှတ်ထက် ကျော်လွန်သွားခဲ့ပါတယ်။

နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် တော့တင်ဟမ်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ချဲလ်ဆီးက ကောင်းမွန်တဲ့ကစားပုံတွေ ပြသနိုင်ခဲ့ပေမယ့် အခုဘောလုံးရာသီကိုတော့ အနောက်လန်ဒန်ကလပ်က ရုန်းကန်မှုတွေနဲ့ စတင်ခဲ့ရပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် ၁၂ ပွဲကစား၊ ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၀ နေရာမှာ ရပ်တည်နေပါတယ်။ အခုဘောလုံးရာသီအတွက် ချဲလ်ဆီးက ဥရောပပွဲစဉ်တွေ ကစားရဖို့မရှိပေမယ့် လိဂ် ၁၂ ပွဲမှာ လေးပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံးရလဒ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ် အသင်းမှမထွက်ခွာခင် ချဲလ်ဆီးနဲ့ ခြောက်နှစ်ကြာ လက်တွဲခဲ့ဖူးတဲ့ မာလူဒါက “ကျွန်တော် သူတို့ကို ဂျာစီအင်္ကျီအရောင်မှလွဲပြီး တကယ့်ကို မမှတ်မိနိုင်လောက်အောင်ပါပဲ။ ကလပ်အသင်းဘက်ကလည်း စီမံကိန်း၊ စီမံချက်ဆိုတဲ့ စကားလုံးကြီးတွေကို သုံးစွဲနေတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ စံနှုန်းတစ်ခုတည်ဆောက်ဖို့ အချိန်ယူရပေမယ့် ပိုင်ရှင်သစ်ရောက်ရှိလာပြီးကတည်းက တည်ငြိမ်တဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုခုကို မမြင်တွေ့ခဲ့ရပါဘူး”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ် #မာလူဒါ