ရှေ့သို့
Image

အာတီတာရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့အမှားကို ပြောကြားလိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း ဂါးလက်စ်

10:43 AM, 23 November

အာဆင်နယ်ကစားသမားဟောင်း ဝီလျံဂါးလက်စ်က ကိုင်ဟားဗက်ဇ်ကို ဝယ်ယူခဲ့တဲ့ ကလပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဂန်းနားတွေဟာ နွေရာသီမှာ ချဲလ်ဆီးကနေ တိုက်စစ်ကစားသမားကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ သူ့ကိုဝယ်ဖို့ အာတီတာရဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်စရာဖြစ်ပြီး ကွင်းအတွင်း ဝေဖန်မှုတွေကို ဟားဗက်ဇ်က ယုံကြည်လာအောင် မလုပ်နိုင်သေးပါဘူး။

သူဟာ ဒီရာသီ ၁၉ ပွဲမှာ ခြေစွမ်းပိုင်းဆိုရွားစွာဖြင့် ၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုကလည်း ၁ ကြိမ်သာ ပြုလုပ်ထားပါတယ်။

အပြောင်းအရွှေ့က အဆင်မပြေတာကို မအံ့ဩမိကြောင်း ဂါးလက်စ်က Genting Casino သို့ ပြောကြားခဲ့ပါတယ်။ "ရာသီအစမှာ အာဆင်နယ်အတွက် ဟားဗက်ဇ်က ရုန်းကန်ရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်" "ကျွန်တော်က စံချိန်ချိုးတာလို့ မပြောချင်ပေမယ့် သူက ရုန်းကန်နေရဆဲပါ" "အာဆင်နယ်ကစားကွက်မှာ အာတီတာက သူ့ကိုအသုံးပြုချင်တဲ့ပုံစံနဲ့ လိုက်လျောညီထွေဖြစ်ဖို့က ဟားဗက်ဇ်အတွက် အမြဲတမ်းခက်ခဲမယ်လို့ ထင်ပါတယ်" "သူဟာ နွေရာသီမှာ အာဆင်နယ်က ခေါ်ယူလိုတဲ့ ကစားသမားမျိုးလို့ ကျွန်တော် မထင်ပါဘူး" "အသင်းရဲ့လူစာရင်းကိုကြည့်ရင် ကျွန်တော့်အမြင်အရတော့ သူတို့ ဦးစားပေးထားသင့်တဲ့ ကစားသမား အမျိုးအစားတွေ ရှိပါတယ်" "သူ့ကို ကစားသမားခေါ်ယူတာ မှားသွားပုံရပါတယ်" လို့ ဂါးလက်စ်က ပြောပါတယ်။

ရုန်းကန်နေရသော်လည်း ဟားဗက်ဇ်ဟာ ဂျာမနီလက်ရွေးစင်အသင်း အတွက် ပုံမှန်ကစားနေပြီး စနေနေ့က တူရကီကို ၃-၂ ဂိုးဖြင့် ရှုံးခဲ့တဲ့ ခြေစမ်းပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ဘယ်နောက်တန်းတွင် ထူးထူးခြားခြား ကစားခဲ့ပါတယ်။ နည်းပြ နာဂယ်စ်မန်းက သူ့ရဲ့နေရာမှာ နောက်တစ်ကြိမ် စမ်းသပ်နိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အတွက် ၁၄၂ ပွဲ ကစားခဲ့တဲ့ ဂါးလက်စ်က "အသက် ၂၄ နှစ် အရွယ်မှာ ဟားဗက်ဇ်က သူ့နိုင်ငံအတွက် ဘယ်နောက်ခံလူ အဖြစ်ကစားနေတာလား။ တစ်ခုခုမှားနေပြီလား" "ကျွန်တော့်အတွက် ဒီဆုံးဖြတ်ချက်ကိုချဖို့က နာဂယ်စ်မန်းက ဟားဗက်ဇ်ကို ကစားသမားတစ်ယောက်အနေနဲ့ မလေးစားသလိုပါပဲ" "ကျွန်တော် လုံးဝကို ရှုပ်ထွေးနေပါတယ်။ ကစားသမားရဲ့ နေရာကနေ စဉ်းစားကြည့်တာပါ၊ ဒါက မကောင်းပါဘူး" "ကျွန်တော် ဒီဆုံးဖြတ်ချက်ကို မကြိုက်ပါဘူး။ ဒါဟာ နာဂယ်စ်မန်းရဲ့ လေးစားမှု လုံးဝကင်းမဲ့မှုပါပဲ"လို့ ပြောပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #ဟားဗက်ဇ် #ဂါးလက်စ်