ရှေ့သို့
Image

ဆာဂျင်မီရက်တ်ကလစ်ဖ်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောကြားလိုက်တဲ့ ဖာဂူဆန်

8:13 AM, 23 November

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က အသင်းထံရောက်လာတော့မယ့် ဆာဂျင်မီရက်တ်ကလစ်ဖ်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောကြားလိုက်ပါတယ်။

ဗြိတိန်ဘီလျံနာဟာ ယူနိုက်တက်ကို ပေါင် ၁.၃ ဘီလီယံနဲ့ဝယ်ယူနိုင်ဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ယူနိုက်တက်ရဲ့ရှယ်ယာ ၂၅% ကိုရရှိမှာဖြစ်ပါတယ်။ မဝယ်ယူခင်ကတည်းက အပြောင်းအလဲတွေကြီးကြီးမားမား လုပ်ထားပြီး ယူနိုက်တက်အမှုဆောင် အာနိုးလ်ကို ပြီးခဲ့တဲ့အပတ်က ထုတ်ပယ်ထားခဲ့ပါတယ်။

သူ့လက်ထက်မှာ ယူနိုက်တက်ဟာ ၂၇ နှစ်အတွင်း အောင်မြင်မှုသရဖူဆောင်းခဲ့ပြီး ဖာဂူဆန်အတွက်တော့ သူထွက်ခွာမှုက နာကျင်စရာဖြစ်လာခဲ့ပါတယ်။ စကော့တလန်သားက အစောပိုင်းတုန်းက အသင်းဘုတ်အဖွဲ့အခန်းထဲကို မျက်နှာသစ်ဝင်လာနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ ဖာဂူဆန်က “ကျွန်တော်က အသင်းရဲ့ဒါရိုက်တာအဖြစ် ရှိနေဆဲပါ။ ကျွန်တော် ရက်တ်ကလစ်ဖ်ကို ကောင်းကောင်းသိပါတယ်။ သူဘာလုပ်နိုင်လဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်မှာပါ။ ဒါပေမယ့် ကျွန်တော်က အကောင်းမြင်သမားပါ”လို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

ပရိသတ်တော်တော်များများကတော့ ဂလေဇာမိသားစုကို အဆုံးသတ်ပြီး အသင်းပိုင်ရှင်အသစ်ပြောင်းလဲဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့်လည်း ရက်တ်ကလစ်ဖ်ဟာ အသင်းရဲ့ရှယ်ယာအနည်းစုကိုသာ ဝယ်ယူခဲ့ပြီးနောက် ဂလေဇာမိသားစုက ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

သတင်းတွေအရ ရက်တ်ကလစ်ဖ်ဟာ အသင်းရဲ့လာမယ့်ရှယ်ယာတွေကိုလည်း ဆက်လက်ဝယ်ယူသွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ပရိသတ်တော်တော်များများက ဂလေဇာကိုဆန္ဒပြမှုတွေရပ်တန့်ဖွယ်မရှိတာဖြစ်ပါတယ်။

ရက်တ်ကလစ်ဖ်ဟာ လီဂူးဝမ်းမှာ နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားကာ အခြားအားကစားတွေမှာလည်း ရင်းနှီးမြုပ်နှံထားတာဖြစ်ပါတယ်။ အာနိုးလ်ထွက်ခွာမှုနဲ့အတူ ဒါရိုက်တာနေရာကို ဂျွန်မာတော့ချ်က ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်