ရှေ့သို့
Image

အုပ်စုပိတ် ပွဲစဉ်အပြီးမှာ ယူရို ၂၀၂၄ ဖလားပြိုင်ပွဲအတွက် အဆင့်သင့်ဖြစ်နေပြီလို့ ပရိသတ်အကြိုက် ကြွေးကြော်လိုက်တဲ့ ဒီကလန်ရိုက်စ်

2:33 PM, 22 November

မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ အကြိုခြေစစ်ပွဲစဉ်တွင် ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းက ဟယ်ရီကိန်းရဲ့ အားထုတ်မှုမှ ရလာတဲ့ချေပဂိုးနဲ့အတူ သိက္ခာဆယ် တစ်ရေတစ်မှတ် ရယူနိုင်ခဲ့ပြီး ပွဲစဉ်အပြီးမှာ ရိုက်စ်က ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း ဝင်ရောက်ကစားရန် အသင့်ဖြစ်နေတဲ့ အကြောင်းဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်အနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်အတွက် သေချာနေတာကြောင့် အဓိက တိုက်စစ်မှုး ကိန်းကို အရန်ခုံပေါ်တွင်ထားကာ ပွဲထွက်လာခဲ့ရာမှာ ပထမပိုင်း ပွဲကစားချိန် ပြီးခါနီးအချိတွင် ဘက်ဟီက ဂိုးသမား ပစ်ဖို့ဒ် ပုတ်ထုတ်လိုက်တဲ့ ပင်နယ်တီကို ထပ်ဆင့်ကန်သွင်းကာ ဦးဆောင်ဂိုး ရယူသွားခဲ့တာကြောင့် အင်္ဂလန်အသင်း ကစားရကြပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နည်းပြ ဆောက်ဂိတ်အနေဖြင့် အနားပေးထားတဲ့ တိုက်စစ်မှုး ကိန်းကို ထည့်သွင်းကာ တိုက်စစ်ပုံဖော်လာခဲ့ပြီး တိုက်စစ်ကစားပုံ ပိုကောင်းလာခဲ့ကာ ထောင့်ကန်ဘောမှတစ်ဆင့် ကိန်းက ခေါင်းတိုက်သွင်းယူစဉ် ပြိုင်ဘက်ကစားသမား အတ္တနာဆော့ဗ်နဲ့ ထိကာ ဂိုးဝင်သွားခဲ့တာကြောင့် အုပ်စုပိတ်ပွဲစဉ်တွင် မရှုံးနိမ့်စေရန် အားထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့အသင်းက အုပ်စု (ဂ) အတွင်း အုပ်စုဗိုလ်နေရာမှ ခြေစစ်ပွဲကို စောစီးစွာ အောင်မြင်ခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် မဲခွဲပွဲတွင် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီအသင်းတို့နဲ့အတူ မဲအိုးနံပါတ် ၁ တွင် ပါဝင်လာမှာ ဖြစ်ပါတယ်။

နာမည်ကျော်ကစားသမား အစုအဖွဲ့နဲ့အတူ ယူရို၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲရန် အဆင့်သင့်ဖြစ်နေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒီကလန်ရိုက်စ်က “ခြေစစ်ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိကစားနိုင်တယ်ဆိုတာ ယူရိုပြိုင်ပွဲအတွက် အဆင့်သင့်ဖြစ်နေပြီဆိုတာကို ပြသလိုက်နိုင်တာပါပဲ။ ဒီနှစ်ထဲမှာ တစိုက်မက်မက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ရှိပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မြောက်မက်ဆီဒိုးနီးယား #အင်္ဂလန် #ဒီကလန် ရိုက်စ် ယူရို၂၀၂၄ခြေစစ်ပွဲ