ရှေ့သို့
Image

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာမဟုတ်ဘူးလို့ အင်တာမီယာမီငြင်းဆို

9:37 AM, 22 November

အင်တာမီယာမီအသင်းဟာ ရီယက်ဒ် ဘောလုံးပြိုင်ပွဲအတွင်း အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းကစားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆီရဲ့ အင်တာမီယာမီအသင်းနဲ့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာတို့ဟာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှာ ခြေစမ်းပွဲကစားကြမယ်ဆိုပြီး အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဆော်ဒီနိုင်ငံမှ ပွဲစီစဉ်သူက "The Last Dance"ဆိုပြီး အဆိုပါပွဲစဉ်အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ကြေညာထားခဲ့တာပါ။ ဒါပေမယ့် အင်တာမီယာမီကတော့ အဆိုပါပွဲစဉ်အတွက် သဘောတူညီမှုမရသေးကြောင်း ယမန်နေ့ညက ကြေညာခဲ့ပါတယ်။

အင်တာမီယာမီက "ယနေ့အစောပိုင်းမှာ ရီယက်ဒ်ဘောလုံးပြိုင်ပွဲအဖြစ် အင်တာမီယာမီ ကစားမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါက မမှန်ပါဘူး။ အသင်းပိုင်ရှင် ဂျော်ဂီမက်စ်က အဆိုပါပြိုင်ပွဲနဲ့ ပတ်သက်ပြီး တရားဝင်ရော၊ သီးသန့်အနေနဲ့ပါ မှတ်ချက်မပေးထားပါဘူး။ ပထမရက်ကတည်းက အင်တာမီယာမီက ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့ပါတယ်။ အခုအထိ ၂၀၂၄ ရာသီကို ခြေစမ်းပွဲတွေ ကစားဖို့ ဆွေးနွေးနေဆဲအဆင့်ပဲ ရှိပါသေးတယ်။ လာမယ့်အပတ်တွေအတွင်းမှာတော့ အင်တာမီယာမီရဲ့ ခရီးစဉ်တွေကို ကြေညာပေးနိုင်ပါလိမ့်မယ်"လို့ ပြောခဲ့ပါတယ်။

အင်တာမီယာမီရဲ့ ထုတ်ပြန်ချက်ကတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ကြတာကို တွေ့မြင်ချင်နေကြတဲ့ ပရိသတ်တွေ အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။

#ရော်နယ်ဒို #မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ