ရှေ့သို့
Image

လူစားဝင်ကာ အင်္ဂလန်ကို အရှုံးကနေ ကယ်တင်ပေးလိုက်ပြန်တဲ့ ဟယ်ရီကိန်း

12:43 PM, 21 November

မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို၂၀၂၄ အကြိုခြေစစ်ပွဲစဉ်တွင် ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းခြေစွာနေတဲ့ အဓိက တိုက်စစ်မှုး ဟယ်ရီကိန်းရဲ့ အားထုတ်မှုမှ ရလာတဲ့ချေပဂိုးနဲ့အတူ သိက္ခာဆယ် တစ်ရေတစ်မှတ်ရယူနိုင်လိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်အနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်အတွက် သေချာနေတာကြောင့် အဓိက တိုက်စစ်မှုး ကိန်းကို အရန်ခုံပေါ်တွင်ထားကာ ပွဲထွက်လာခဲ့ရာမှာ ပထမပိုင်း ပွဲကစားချိန် ပြီးခါနီးအချိတွင် ဘက်ဟီက ဂိုးသမား ပစ်ဖို့ဒ် ပုတ်ထုတ်လိုက်တဲ့ ပင်နယ်တီကို ထပ်ဆင့်ကန်သွင်းကာ ဦးဆောင်ဂိုး ရယူသွားခဲ့တာကြောင့် အင်္ဂလန်အသင်း ကစားရကြပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နည်းပြ ဆောက်ဂိတ် အနေဖြင့် အနားပေးထားတဲ့ တိုက်စစ်မှုး ကိန်းကို ထည့်သွင်းကာ တိုက်စစ်ပုံဖော်လာခဲ့ပြီး တိုက်စစ်ကစားပုံပိုကောင်းလာခဲ့ကာ ထောင့်ကန်ဘောမှတစ်ဆင့် ကိန်းက ခေါင်းတိုက်သွင်းယူစဉ် ပြိုင်ဘက်ကစားသမား အတ္တနာဆော့ဗ်နဲ့ ထိကာ ဂိုးဝင်သွားခဲ့တာကြောင့် အုပ်စုပိတ်ပွဲစဉ်တွင် မရှုံးနိမ့်စေရန် အားထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိန်းအနေဖြင့် တစ်ဦးချင်းဆုတံဆိပ်ထက် ဆုဖလားတွေဆာလောင်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်း နိုင်ငံအသင်းအတွက် ဂိုးသွင်းအများဆုံး စံချိန်တင်ထားနိုင်တဲ့ ကိန်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀(ပေါင် ၈၇ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းအပြင် တော့တင်ဟမ် အသင်းအတွက်ပါ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ ကိန်းအနေဖြင့် ဂျာမန်မြေမှာလည်း သွင်းဂိုးတွေ ဆက်တိုက်ရှာဖွေထားနိုင်ခဲ့ပြီး ပွဲစဉ် ၁၆ ပွဲသာ ကစားပြီးချိန်တွင် ဟက်ထရစ် ၃ ကြိမ် အပါအဝင် သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိန်းအနေဖြင့် ခြေစစ်ပွဲအုပ်စုပိတ်ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပေမဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲထွက်ကစားသမား ဘူကာယိုဆာကာရဲ့ စံနှုန်းသတ်မှတ်ချက် ၇ အပြီးတွင် စံနှုန်းသတ်မှတ်ချက် ၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်လိုက်တာပဲ ဖြစ်ပါတယ်။
#အင်္ဂလန် #ဟယ်ရီကိန်း ယူရို၂၀၂၄ခြေစစ်ပွဲ