ရှေ့သို့
Image

အာဆင်နယ်မှာ ဟားဗက်ဇ်ရုန်းကန်နေရတဲ့အကြောင်း အရိပ်အမြွက်ဆိုလိုက်တဲ့ နာဂယ်စမန်း

9:01 AM, 21 November

အာဆင်နယ်စတား ကိုင်ဟားဗက်ဇ်တစ်ယောက် လန်ဒန်မြေကို ပြောင်းပြီးကတည်းက ရုန်းကန်နေရပေမယ့် ဂျာမနီအသင်းကတော့ ကိုင်ကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ နွေရာသီတုန်းက ချဲလ်ဆီးကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ တူရကီအသင်းနဲ့ ပွဲမှာ ဘယ်နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

အဆိုပါနေရာနဲ့ မရင်းနှီးပေမယ့် ဟားဗက်ဇ်ဟာ ၅ မိနစ်အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ ဟားဗက်ဇ်ကို သူလိုချင်တဲ့ နေရာမှာ အံဝင်အောင် လုပ်ဆောင်နေပေမယ့် ဂျာမန်နည်းပြ နာဂယ်စ်မန်းက မတူညီတဲ့နေရာမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

“ကိုင်က အဲ့တာကို သူလုပ်ချင်တယ်။ စမ်းသပ်ချင်တယ်ပြောပါတယ်။ ကျွန်တော် ဒီအတွက်သူ့ကို အလျင်စလိုမလုပ်ချင်ပါဘူး။ ဒါပေမယ့် ကစားသမားအတွက် အရမ်းကိုကြီးမားတဲ့ အခွင့်အရေးပါ။ ပထမဆုံးအကြိမ် မရင်းနှီးတဲ့နေရာမှာ ကန်ရတာဖြစ်ပြီး သူအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ နာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။

လိုသာမားသီးယက်စ်ကလည်း နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး “အဲ့တာက ရေရှည်အဖြေမဟုတ်နိုင်ပါဘူး။ အကောင်းဆုံး ခံစစ်ကစားသမားတွေထဲက တစ်ဦးက full-back နေရာမှာ ကန်ခဲ့ရပါတယ်။ ဒီဟာက ယခင်တုန်းက ကစားသမားရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ ဒီလိုကစားတာက ရေရှည်အတွက်အဖြေမဖြစ်နိုင်ပါဘူး။ ဂျာမန်အသင်းက ၃ နောက်တန်းကစားနေတဲ့ အသင်းပါ။ နာဂယ်စမန်း ဘိုင်ယန်မှ စမ်းသပ်ခဲ့သလိုပါပဲ။ ဒါပေမယ့် တူရကီနဲ့ပွဲမှာတော့ ခံစစ်မှူး ၂ ယောက်ပဲရှိခဲ့ပြီး offensive ကစားသမားကို ဘယ်နောက်ခံလူအဖြစ် ကစားစေခဲ့ပါတယ်။ ဟားဗက်ဇ်ရဲ့ဂိုးက နာဂယ်စ်မန်းရဲ့အစီအစဉ်အလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် နည်းပြတစ်ဦးအနေနဲ့ ရေရှည်အတွက် စဉ်းစားသင့်ပါတယ်။ အခုတစ်ပွဲတည်းအတွက် အလုပ်ဖြစ်ခဲ့တာကို ကြည့်နေလို့မရပါဘူး”လို့ မာသီးယက်စ်က ပြောကြားခဲ့ပါတယ်။

ဂျာမနီအသင်းဟာ လာမယ့်နွေရာသီ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး အင်္ဂါနေ့မှာ သြစတြီးယားနဲ့ခြေစမ်းပွဲ ကန်မှာဖြစ်ပါတယ်။ ဟားဗက်ဇ်ဟာ အာဆင်နယ်အတွက်တော့ ဒီရာသီ ၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး စနေနေ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

#အာဆင်နယ် #ဟားဗက်ဇ် #နာဂယ်စ်မန်း