ရှေ့သို့
Image

လစ်ဗျားနဲ့ ပွဲကို အိုနာနာ လွဲချော်မယ်လို့ ကင်မရွန်း အတည်ပြု

9:13 AM, 20 November

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာအခြေအနေကြောင့် လစ်ဗျားနဲ့ပွဲကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။

အိုနာနာဟာ အခုနွေရာသီတုန်းက အင်တာမီလန်ကနေ ယူနိုက်တက်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး သောကြာနေ့က မာရီတီယက်စ်အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၈၁ မိနစ် အရန်ဂိုးသမား အွန်ဒိုအာနဲ့ အစားထိုးခဲ့ရပါတယ်။

ကင်မရွန်းနည်းပြ ရီဂိုဘတ်ဆောင်းကတော့ အိုနာနာရဲ့အခြေအနေကို အတည်မပြုခဲ့ပဲ လစ်ဗျားနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က “ကင်မရွန်းအသင်းအနေနဲ့ အိုနာနာရဲ့အခြေအနေကို အသိပေးချင်ပါတယ်။ သောကြာနေ့ကပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် အိုနာနာအနေနဲ့ လစ်ဗျားနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဆေးအဖွဲ့က ဆရာဝန်တွေက အိုနာနာကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒဏ်ရာကနေလည်း လျင်လျင်မြန်မြန် ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၇ နှစ်သားဟာ လစ်ဗျားနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ကန်မယ့် အဲဗာတန်နဲ့ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ယူနိုက်တက်ဟာ အဲဗာတန်အသင်းနဲ့ အဝေးကွင်းကန်ရမှာဖြစ်ပါတယ်။

အိုနာနာကြံ့ခိုင်မှုမပြည့်ခဲ့ရင် ယူနိုက်တက်ဟာ ဖီနာဘာချီကနေ ခေါ်ယူထားတဲ့ ဘာယင်ဒါကို အသုံးပြုရဖွယ်ရှိနေပြီး သူ့အတွက် ပထမဆုံး ပွဲဦးထွက်ဖြစ်လာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ကင်မရွန်း #ပရီးမီးယားလိဂ်