ရှေ့သို့
Image

ကိုလံဘီယာကို အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ဗင်နီစီးယက်စ်

2:47 PM, 18 November

ရီးရဲလ်စတား ဗင်နီစီးယက်စ်တစ်ယောက် သောကြာနေ့တုန်းက ကိုလံဘီယာကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအတွင်း ဒဏ်ရာရခဲ့ပြီး ရီးရဲလ်အတွက်တော့ စိုးရိမ်စရာဖြစ်လာပါတယ်။

မက်ဒရစ်စတားဟာ မာတီနယ်လီရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနို်ခဲ့ပြီး အဲ့နောက် ၂၇ မိနစ်အကြာမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဗင်နီစီးယက်စ်ဟာ ဘယ်ဘက်ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခြားတစ်ဖက်မှာလည်း ကာမာဗင်ဂါက ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းရင်း ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။


ရီးရဲလ်အသင်းမှာ ကီပါတစ်ယောက် ဒဏ်ရာရရှိနေသလို ချူအာမီနီ ၊ ကော်တိုရစ် နဲ့ မီလီတာအိုတို့ ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။ ဒ့ါအပြင် ဘယ်လင်ဟမ်ကလည်း ဗလန်စီယာကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ပခုံးဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။


ဗင်နီစီးယက်စ်အခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ပြီး နားရမယ့်ရက်ကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ သတင်းတွေအရ သူ့ရဲ့ညာဘက်ခြေထောက်ဟာ တံကောက်ကြောဒဏ်ရာရတုန်းကထက် အနည်းငယ်သာနာကျင်ခဲ့ပြီး အကြာကြီးနားရဖွယ်မရှိတာဖြစ်ပါတယ်။


“ဒဏ်ရာအခြေအနေက ပြီးခဲ့တဲ့ဒဏ်ရာအခြေအနေနဲ့ ဆင်တူပါတယ်။ ကျွန်တော် ဒဏ်ရာရပြီး အခုတစ်ကြိမ်ထပ်မံရရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ ဆရာဝန်တွေက ဘာပြောလဲဆိုတာ ကြည့်ရမှာဖြစ်ပြီး အာဂျင်တီးနားနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်”လို့ ဗင်နီဆီးယက်စ်က ပြောကြားခဲ့ပါတယ်။


ဗင်နီစီးယက်စ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ဗလန်စီယာကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကာမာဗင်ဂါကတော့ ကြာသပတေးနေ့တုန်းက မက်ဒရစ်ကို ပြန်ရောက်လာခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ကာ ဘယ်လောက်နားရမယ်ဆိုတာ မသိရသေးတာဖြစ်ပါတယ်။ကနဦးသတင်းတွေအရ ကာမာဗင်ဂါတစ်ယောက် ဇန်နဝါရီမတိုင်ခင်အထိ နားရဖွယ်ရှိနေပါတယ်။ မက်ဒရစ်အသင်းဟာ ၁၃ ပွဲကစားအပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးနေရာက ဂီရိုနာနဲ့ ၂ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။


နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ရီးရဲလ်အသင်းဟာ ကာဒစ်ဇ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် နာပိုလီအသင်းနဲ့ကန်ရမှာဖြစ်ကာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဂရန်နာဒါနဲ့ကန်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ကိုလံဘီယာ #ဗင်နီစီးယက်စ်