ရှေ့သို့
Image

ဇာဗီအား လာပေါ်တာက ထောက်ခံမှုပေးထားသော်လည်း ဂျီရိုနာနည်းပြ ဆန်းချက်ဇ်ကို စောင့်ကြည့်နေတဲ့ ဘာစီလိုနာ

2:11 PM, 18 November

ဘာစီလိုနာဟာ ဇာဗီအား အသင်းရဲ့နည်းပြအဖြစ် အခိုင်အမာထောက်ခံထားသော်လည်း ဂျီရိုနာအသင်းမှ မိုက်ကယ်ဆန်းချက်ဇ်အား ရွေးချယ်မှုတစ်ခုအဖြစ် လျှို့ဝှက်စွာ စတင်စဉ်းစားနေပြီဖြစ်ပါတယ်။


ဇာဗီဟာ နည်းပြရာထူးအတွက်ဖြစ်ပြီး ဘာစီလိုနာက သူ့နောက်တွင် အပြည့်အဝရှိကြောင်း ဥက္ကဌ လာပေါ်တာက ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဂျီရိုနာအသင်းနည်းပြ ဆန်းချက်ဇ်အား ဘာစီလိုနာက အနာဂတ်အတွက် အလားအလာရှိတဲ့ နည်းပြတစ်ဦးအဖြစ် ဆက်သွယ်ထားကြောင်း Bar Canaletes ကဖော်ပြထားပါတယ်။


ဘာစီလိုနာရဲ့ရည်မှန်းချက်တွေ အောင်မြင်နေသ၍ ဇာဗီအတွက် စိတ်ပူနေစရာ မလိုပါဘူး။ ဘာစီလိုနာက အခုအချိန်မှာ အခက်အခဲတွေရှိနေရင်တောင်မှ နည်းပြတွေကို တစ်ရာသီမှာ အသင်းတစ်သင်းသာ ကြီးကြပ်ခွင့်ပေးထားတဲ့ လာလီဂါစည်းမျဉ်းတွေကြောင့် အပြောင်းအလဲလုပ်ဖို့ လာမယ့်နွေရာသီအထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။


ဂျီရိုနာဟာ ရာသီအစမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး ၁၁ ပွဲအထိ အနိုင်ရရှိထားကာ ၃၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အဆိုပါအသင်းဟာ အက်သလက်တီကိုမက်ဒရစ်ထက် ၂ ဂိုး ပိုများကာ လိဂ်ဂိုးသွင်းအများဆုံး ၃၁ ဂိုးဖြင့် ရပ်တည်လျက်ရှိပါတယ်။


ဆန်းချက်ဇ်ရဲ့ ဂျီရိုနာအသင်းဟာ လာမယ့်နိုဝင်ဘာ ၂၇ ရက်နေ့မှာ အက်သလက်တစ်ကလပ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လိဂ်ထိပ်ဆုံးမှာ ရှိနေဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။

#အီတလီ #ဘာစီလိုနာ #ဆန်းချက်ဇ် #လာပေါ်တာ #ဂျီရိုနာ