ရှေ့သို့
Image

ဟယ်ရီကိန်းနှင့် ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပြောကြားထားတဲ့ ရောဘတ်လီဝန်ဒေါစကီး

2:32 PM, 17 November

အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ၂၀၁၄ မှ ၂၀၂၂ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်မှာ ၈ နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၇၅ ပွဲမှာ ၃၄၄ ဂိုးသွင်းယူကာ ၂၀၂၁ ခုနှစ်မှာ ဂျာမန်ဘီလူးကြီးတွေအတွက် ချန်ပီယံလိဂ်ဖလားရအောင် ကူညီပေးခဲ့ပါတယ်။


ပိုလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းသို့ ထွက်ခွာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘိုင်ယန်ဟာ အဆိုပါနွေရာသီတွင် သူ့ရဲ့နေရာအတွက် အစားထိုးခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဩဂုတ်ကလမှ ကိန်းကို တော့တင်ဟမ်မှ ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်အသင်းခေါင်းဆောင်ဟာ မြူးနစ်မှာ ခြေစွမ်းပြကစားနေပြီး ကွင်းလယ်ကနေ ကန်းသွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ၁၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားပါတယ်။ ဘိုင်ယန်မြူးနစ်သတင်းရင်းမြစ်တစ်ခုက ကိန်းရဲ့အသင်းဖော်များတွေဟာ အင်္ဂလန်သားရဲ့ နည်းဗျူဟာအသိပညာနှင့် မြင့်မားတဲ့စံချိန်စံညွှန်းများအပေါ် အထင်ကြီးနေ The Athletic သို့ ပြောကြားထားပါတယ်။


လီဝန်ဒေါစကီးဟာ ကလပ်ထက် သူ့ရဲ့ကိုယ်ပိုင်သွင်းဂိုးမှတ်တမ်းများကိုသာ ပိုဂရုစိုက်တယ်လို့လည်း အလားတူသတင်းရင်းမြစ်က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်အဝတ်လဲခန်းရဲ့ အတွေးအမြင်တွေနဲ့ ဝေးကွာနေတဲ့ လီဝန်ဒေါစကီးနဲ့ ကိန်းတို့ဟာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှုးတွေဖြစ်ကြပြီး ပိုလန်သားကတော့ သူ့ရဲ့နေရာကို ဆက်ခံခဲ့တဲ့ကိန်းရဲ့ အရည်အချင်းတွေကို ကောင်းကောင်းအကဲဖြတ်ထားပါတယ်။


အသက် ၃၀ အရွယ် ကစားသမားရဲ့ ပုံစံကိုတွေ့ရတာကို လီဝန်ဒေါ့စကီးက အရမ်းသဘောကျနေပါတယ်။အပြောင်းအရွှေ့ပြီးသွားပြီးနောက် SportBild ၂၀၂၃ ဆုပေးပွဲတွင် လီဝန်ဒေါစကီးက ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ကြီးမားတဲ့အပြောင်းအရွှေ့အဖြစ် ပြောကြားခဲ့ပါတယ်။


"ဒါဟာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပါ။ ဘိုင်ယန်အတွက်သာမက ဘွန်ဒက်စ်လီဂါတစ်ခုလုံးအတွက်ဖြစ်ပါတယ်" "သူဟာ ကောင်းမွန်တဲ့ တိုက်စစ်မှုး ထက်မြက်တဲ့ တိုက်စစ်မှုးတစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဘွန်ဒက်လီဂါဟာ လွယ်ကူတဲ့လိဂ်တစ်ခုမဟုတ်သလို ချိန်ညှိဖို့ အချိန်တစ်ခုတော့ လိုအပ်မှာ သေချာပါတယ်။ ဒါပေမယ့် ကိန်းက မြင့်မားတဲ့အဆင့်မှာ စွမ်းဆောင်နိုင်ပြီး သူ့ရဲ့စွမ်းရည်တွေကို ပြသနိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ပြောပါတယ်။


ကိန်းဟာ သူ့ရဲ့ပထမဆုံးရာသီကုန်မှာ လီဝန်ဒေါ့စကီးရဲ့ ဘွန်ဒက်စ်လီဂါ ဂိုးစံချိန်ကို ချိုးဖျက်သွားနိုင်ပါတယ်။ ပိုလန်သားဟာ ၂၀၂၀-၂၁ ရာသီတွင် ၄၁ ဂိုး သွင်းယူခဲ့ပြီးနောက် ဂတ်မူလာရဲ့ စံချိန်ကို ကျော်လွန်ခဲ့ပါတယ်။ ကိန်းဟာ သူ့ရဲ့ပထမဆုံး ဘွန်ဒက်စ်လီဂါ ၁၁ ပွဲမှာ ၁၇ ဂိုး သွင်းထားပြီး ၃ နှစ်တာအတွင်း ဒီစံချိန်ကို ဒုတိယအကြိမ် ချိုးဖျက်ဖို့ လမ်းကြောင်းပေါ်သို့  ရောက်ရှိနေပါတယ်။

#ဘာစီလိုနာ #ဟယ်ရီကိန်း #လီဝန်ဒေါ့စကီး #ဘိုင်ယန်မြူးနစ်