ရှေ့သို့
Image

အာဆင်နယ်ကို ငြင်းဆိုခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာမှုအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂမ်ဒိုဂန်ရဲ့ အေးဂျင့်

2:21 PM, 17 November

ဂမ်ဒိုဂန်ဟာ ဂါလာတာစာရေးကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပေမယ့် ဘာစီလိုနာကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ကွင်းလယ်ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပြောကြားခဲ့ပါတယ်။


ဂျာမန်ကွင်းလယ်ကစားသမားဟာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် မန်စီးတီးမှ ထွက်ခွာပြီးနောက် နွေရာသီတွင် ဘာစီလိုနာနှင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူဟာ ဘာစီလိုနာနှင့် ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဇာဗီလက်ထက်တွင် အဓိက ကစားသမားတစ်ဦးအဖြစ် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း မကြာသေးမီက သတင်းများအရတော့ အသင်းသို့ရောက်ရှိပြီး လအနည်းငယ်အကြာမှာပဲ ထွက်ခွာဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ ဂန်ဒိုဂန်ဟာ ဂါလာတာစာရေးနှင့် စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိကြောင်း တူရကီမီဒီယာများက ဖော်ပြခဲ့သလို ကစားသမားရဲ့ကိုယ်စားလှယ်တွေကလည်း စူပါလီဂါအသင်းကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။


ဂျာမန်အေးဂျင့်နှင့် အစ်ကိုဖြစ်သူ အီဟန်ဂမ်ဒိုဂန်က အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာအတွက် ပေးဆပ်ကစားနေကြောင်းပြောကြားလိုက်ကာ ကောလာဟလတွေအားလုံးကို ငြိမ်သွားစေခဲ့ပါတယ်။


"အီကေနဲ့ ပတ်သက်တဲ့ ဒီရက်ပိုင်းက သတင်းတွေက အမှန်တွေမဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်ပွဲမစခင်မှာ ဂါလာတာစာရေးက သူတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ တွေ့ဆုံမှုတွေ ကမ်းလှမ်းထားတာတွေ ကျွန်တော်တို့ဆီမှာ မရှိပါဘူး" "ဒါကို ရှင်းရှင်းလေး ပြောချင်ပါတယ်။ ဒီသတင်း ဘယ်လိုထွက်လာတယ်ဆိုတာ ကျွန်တော်ရော အီကေရော နားမလည်နိုင်ပါဘူး။ သူကဘာစီလိုနာမှာ အရမ်းပျော်နေပြီး အဲဒီမှာအောင်မြင်ချင်တဲ့အရာနဲ့ သူ့ရည်မှန်းချက်တွေကို အာရုံစိုက်နေပါတယ်" လို့ အေးဂျင့်က ပြောပါတယ်။


ဘာစီလိုနာသို့ မပြောင်းခင်မှာ ဂမ်ဒိုဂန်ဟာ ပရီးမီးယားလိဂ်ကလပ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာ ဂန်ဒိုဂန်ကို Free Agent ဖြင့် ခေါ်ယူရန် စိတ်ဝင်စားတဲ့ အသင်းများထဲတွင် ပါဝင်ခဲ့ပါတယ်။


အာတီတာဟာ ယခင်က အီသီဟက်တွင် ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ်ဆောင်ရွက်စဉ် ဂမ်ဒိုဂန်နှင့် လက်တွဲခဲ့ဖူးပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။


စက်တင်ဘာလတုန်းက ဂမ်ဒိုဂန်က "ကျွန်တော် ရိုးရိုးသားသားပြောချင်ပါတယ်။ ဒါကို လူတော်တော်များများက မသိကြပါဘူး။ အဆုံးမှာတော့ ဒါဟာ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်တော့ မဟုတ်ပါဘူး။ လည်ပတ်ချိန်နဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဆွေးနွေးပွဲတွေ တကယ်ကို ပြင်းထန်လာတဲ့အထိ မန်စီးတီးက တော်တော်ကြာအောင် စောင့်ခဲ့ရတာပါ" "ဒါက နည်းနည်းစောပြီးဖြစ်ခဲ့ရင် အခြေအနေက ကွဲပြားသွားပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ဒါဟာ ပြီးပြည့်စုံတဲ့အဆုံးသတ်ဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့အချိန်ကို မရောက်နိုင်တော့ပါဘူး။ ဒါဟာ ဘာစီလိုနာအတွက် ကစားပေးဖို့ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုပါပဲ" လို့ ပြောပါတယ်။


ဂမ်ဒိုဂန်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၁၇ ပွဲ ကစားထားပြီး သူ့ရဲ့တစ်လုံးတည်းသောဂိုးမှာ အယ်ကလက်စီကိုပွဲတွင် ပြိုင်ဖက်ရီးရဲလ်မက်ဒရစ်ဘက်သို့ သွင်းယူခဲ့သောဂိုးဖြစ်ပါတယ်။ ဒါ့အပြင် ၃ ဂိုးကိုလည်း ဖန်တီးပေးထားပါတယ်။ ကွင်းလယ်ကစားသမားဟာ ခြေစမ်းပွဲအဖြစ် တူရကီ၊ ဩစတြေးလျတို့နှင့် ကစားမယ့် ဂျာမနီအသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်နေပါတယ်။

#ဘာစီလိုနာ #အာတီတာ #အာဆင်နယ် #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်