ရှေ့သို့
Image

ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း ပြောကြားလိုက်တဲ့ မိုဒရစ်ရဲ့ အေးဂျင့်

2:06 PM, 16 November

ရီးရဲလ်မက်ဒရစ်အိုင်ကွန် လူကာမိုဒရစ်အတွက် ယခုအချိန်အထိ ထူးဆန်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး မကြာခဏဆိုသလို အရန်ခုံတန်းမှာ တွေ့လာရတာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းက စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် မိုဒရစ်ဟာ လက်ရှိအချိန်ထက် ပိုမိုကစားခွင့် ရရှိရန် မျှော်လင့်နေတာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြ အန်ဆယ်လော့တီဟာ ကွင်းလယ်တွင် ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါနှင့် ချူအာမီနီတို့ကိုသာ ပွဲထွက်ခွင့်ပေးခဲ့ပြီး မိုဒရစ်ကတော့ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။

ဆန်တီယာဂို ဘာနေဗျူးမှာ ခရိုအေးရှားနိုင်ငံသား ဂန္တဝင်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပြီး ဆော်ဒီအာရေးဗျကလပ်တွေက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ အာရေဘီယံ သတင်းစာဖြစ်တဲ့ Shooot (h/t Sport Klub) နှင့် စကားပြောဆိုရာတွင် မိုဒရစ်ရဲ့ အေးဂျင့်ဖြစ်သူက မကြာမီကာလအတွင်း ဆော်ဒီသို့ ပြောင်းရွှေ့နိုင်ခြေငြင်းပယ်ထားတာမဟုတ်ဘူးလို့ ဖြေကြားထားပါတယ်။

အသက် ၃၈ နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ အေးဂျင့်က နွေရာသီ အပြောင်းအရွှေ့မှာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး ကစားသမားက လက်မခံခဲ့တာဖြစ်ပါတယ်။

"ဆော်ဒီအသင်းတွေလား။ ဒီနွေရာသီမှာ မိုဒရစ်ကို ခေါ်ယူဖို့ ရည်ရွယ်ချက်နဲ့ စိတ်ဝင်စားခဲ့ကြတာပါ။ ကစားသမားမှာ အခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုများစွာရှိခဲ့ပါတယ်"လို့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

မိုဒရစ်ဟာ လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အတွက် အပြည့်အဝအာရုံစိုက်နေသော်လည်း အနာဂတ်မှာ ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ဖို့က ငြင်းထားတာမဟုတ်ပါဘူးလို့ အေးဂျင့်က ပြောထားပါတယ်။ "မိုဒရစ်က လောလောဆယ်မှာ ရီးရဲလ်မက်ဒရစ်အကြောင်း စဉ်းစားနေပေမယ့် ကမ်းလှမ်းချက်က သင့်လျော်ရင် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးဖြစ်နိုင်ပါတယ်" လို့ အေးဂျင့်က ပြောပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ မိုဒရစ်ဟာ လာလီဂါမှာ ၄ ပွဲ၊ ချန်ပီယံလိဂ်မှာ ၂ ပွဲသာ ကစားထားပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ပွဲထွက်လူစာရင်းမှာ အမြဲတမ်း ပုံမှန်ပွဲထွက်ကစားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ကွင်းလယ်ကစားသမား အတွက် အခြေအနေက သိပ်မထူးဆန်းပါဘူး။

ဒါကြောင့် ပြီးခဲ့တဲ့ နိုင်ငံတကာအားလပ်ရက်မှာ ကွင်းလယ်ကစားသမား ကိုယ်တိုင်က ဖြစ်နိုင်ချေကို ပယ်ချခြင်းမရှိဘဲ ဇန်နဝါရီမှာ ထွက်ခွာဖို့ စဉ်းစားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"အခုထွက်ခွာဖို့အတွက် မလုပ်ချင်သေးပါဘူး။ ဆောင်းရာသီနဲ့ နှစ်ကုန်တဲ့အထိ သွားဖို့ အချိန်အတော်ကြာ နေပါတယ်" "ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ ကျွန်တော့်အသက်အရွယ်အရ ဘာမှကြိုတင်မစီစဉ်နိုင်ပါဘူး။ တစ်နေ့မှာ ထွက်သွားရမှာဖြစ်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ" လို့ မိုဒရစ်က ပြောခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မိုဒရစ်