ရှေ့သို့
Image

အန်းဒရစ်ခ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်အနည်းငယ်ပဲ ထားထားတယ်လို့ ဘရာဇီးနည်းပြ ဒီနစ်ဇ် ပြောကြား

1:20 PM, 16 November

ဘရာဇီးနည်းပြ ဒီနစ်ဇ်က အန်ဒရစ်ခ်ရဲ့ပထဆုံးပွဲနဲ့ ပတ်သက်ပြီး စိတ်အေးအေးပဲထားထားတယ်လို့ ပြောကြားလိုက်ပြီး လူတော်တော်များများက အန်းဒရစ်ခ်ကို မြင်ချင်နေကြပါတယ်။ ကိုလံဘီယာနဲ့ပွဲမှာ ပထမဆုံး ပါဝင်လာဖွယ်ရှိနေတဲ့ အန်းဒရစ်ခ်ရဲ့အခြေအနေကို သတင်းထောက်တော်တော်များများက နည်းပြ ဒီနစ်ဇ်ကို မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

နာမည်ကျော်ကစားသမားတော်တော်များများဒဏ်ရာရနေသလို အသင်းလူစာရင်းမှာ မပါဝင်နိုင်တာကြောင့် လူငယ်တွေကို ပွဲထုတ်ရဖွယ်ရှိနေပြီး ဒီနစ်ဇ်က ပွဲကြိုသတင်းစာ ရှင်းပွဲမှာ အသက် ၁၇ နှစ်သားတစ်ယောက် လူစာရင်းထဲ ပါဝင်လာနိုင်ဖို့ မသေချာသေးဘူးလို့ ဆိုပါတယ်။ အန်းဒရစ်ခ်နဲ့ ပတ်သက်ပြီး ဒီနစ်ဇ်ကို မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် ပယ်လ်မားရီးယက်စ် တိုက်စစ်မှူးဟာ အရမ်းထူးခြားတဲ့ ကစားသမားဆိုတာတော့ ဝန်ခံပြောကြားခဲ့ပါတယ်။

သို့ပေမယ့်လည်း သူ့အနေနဲ့ အန်းဒရစ်ခ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်နည်းနည်းပဲ ထားထားပြီး ဖိအားတွေမပေးချင်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒီနစ်ဇ်က သူ့အနေနဲ့ လူငယ်ကစားသမားလေးကို ကာကွယ်ပေးတာက အကောင်းဆုံး အရာဖြစ်ပြီး ကစားသမားဘ၀ စိန်ခေါ်မှုတွေက သူ့ကိုသန်မာလာစေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၃ တစ်လျှောက် အန်းဒရစ်ခ်ဟာ မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဘရာဇီးစီနီယာအသင်းဆီပါ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဒီနစ်ဇ်က ကိုလံဘီယာဟာ အခက်ခဲဆုံးပြိုင်ဘက်တွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကာတာကမ္ဘာ့အပြီးမှာ တစ်တီရဲ့နေရာကို အစားဝင်လာခဲ့ပြီးနောက် ကိုလံဘီယာ အသင်းဟာ အသင်းတစ်သင်းအနေနဲ့ နှစ်ပေါင်း ၂၀ ဒါမှမဟုတ်  ၃၀ လောက်အတွေ့အကြုံရှိသလို တောင်အမေရိကတိုက်မှာ အခက်ခဲဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒီနစ်ဇ်က ကိုလံဘီယာမှာ နည်းပြကောင်းရှိသလို ခြေစစ်ပွဲမှာလည်း ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဘရာဇီးအသင်းဟာ ကိုလံဘီယာနဲ့ပွဲအပြီးမှာ ဥရုဂွေးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် နိုဝင်ဘာ ၂၁ ရက်နေ့မှာ အာဂျင်တီးနား အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။

#ဘရာဇီး အန်းဒရစ်ခ် #ဒီနစ်ဇ်