ရှေ့သို့
Image

ဘာလိုဂန်က အမေရိကန်အသင်းဖော်နှစ်ဦးအား ညီအစ်ကိုတွေမှန်းတောင် မသိဘူးလို့ အရွှန်းဖောက်လိုက်တဲ့ ရစ်ချက်

10:34 AM, 15 November

ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် ပစ်မှတ်ထားပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် အာမခံချက်မရှိတာကြောင့် ပြစ်သစ်မြေကို ပြောင်းရွှေ့ခဲ့သလို လက်ရွေးစင်ကစားသမားဘဝအတွက်ပါ အမေရိကန်အသင်းတွင် ကစားရန် ရွေးချယ်ခဲ့တဲ့ ဘာလိုဂန်အနေဖြင့် ဥရောပမှာ ကျင်လည်နေတဲ့ အမေရိကန်စတား နှစ်ဦးအား ညီအစ်ကိုမှန်းမသိခဲ့တဲ့အကြောင်း ရစ်ချက်စ်က ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

မိုနာကိုစတား ဖြစ်လာတဲ့ ဘာလိုဂန်အနေဖြင့် နိုင်ငံတကာပွဲရက်အတွင်း အမေရိကန်လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ပါဝင်လာတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ အာရွန်ဆင် ညီနောင်နှစ်ဦးတို့အား ညီအစ်ကိုတွေမှန်း မသိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့နှစ် ဩဂုတ်လတွင် ဘာလိုဂန်အား လီဂူးဝမ်းကလပ် ရိမ်းစ်အသင်းကို အငှားချထားခဲ့တာဖြစ်ပြီး ဘာလိုဂန်အနေဖြင့် ပွဲဦးထွက်ပွဲစဉ်မှာပဲ ရိမ်းစ်အသင်း အတွက် သွင်းဂိုးရှာဖွေပေးကာ ခြေစွမ်းပြရင်း လီဂူဝမ်းပြိုင်ပွဲအတွင်း ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးအဖြစ်ပါ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်မြေတွင် ထိပ်တန်းခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့ပြီးမှာ ကစားသမားက လန်ဒန်ကလပ်အတွက် ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်မရပါက အငှားထွက်ကစားတာမျိုးမလုပ်ဘဲ အပြီးပြောင်းရွှေ့ကစားရန် ပြင်ဆင်နေခဲ့တာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ခဲ့ပေမဲ့ မိုနာကို အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်အသင်းဖော်နှစ်ဦးအကြားမှာ ကြောင်တောင်တောင်ဖြစ်နေတဲ့ အဓိက တိုက်စစ်ကစားသမား ဘာလိုဂန်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗဟိုနောက်တန်းကစားသမား ရစ်ချက်စ်က“ဒါက တကယ်ရယ်စရာကောင်းခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန် ဘာလိုဂန်က ‘ဘရိုရေ။ ဒီနှစ်ယောက်ရဲ့ နာမည်တွေက ဆင်သားပဲဗျ’ ဆိုပြီး ဘရန်ဒန်အာရွန်ဆန်နဲ့ ပက်ဇ်တန်အာရွန်ဆန်တို့နှစ်ဦးတို့ရဲ့ နာမည်တွေ ဆင်နေတာကို ထူးထူးခြား လာပြောနေခဲ့တာပါ။ ဘာလိုဂန်ရဲ့ အမြင်မှ ညီအစ်ကိုတွေမှန်း တကယ်မသိခဲ့တာပါ”လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #ရစ်ချက် #ပရီးမီးယားလိဂ် #ဘာလိုဂန်