ရှေ့သို့
Image

ယူရို ၂၀၂၄ ခြေစစ်ပွဲများအတွက် အင်္ဂလန်အသင်းရဲ့ခေါ်ယူခြင်းကိုခံလိုက်ရတဲ့ ကိုးလ်ပယ်လ်မာ၊ ကွန်ဆာနှင့် ရီကိုလူးဝစ်

9:35 AM, 14 November

မက်ဒီဆင်၊ လူးဝစ်စ်ဒန့်ခ်နှင့် ဝီလ်ဆင်တို့ဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အင်္ဂလန်ရဲ့ နောက်လူစာရင်းကနေ နှုတ်ထွက်ခဲ့ရပါတယ်။

မော်လ်တာနှင့် မြောက်မက်ဆီဒိုးနီးယားတို့နှင့် ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်မီ အသင်းအတွက် တစ်ကြိမ်မှ မခေါ်ယူခဲ့ဖူးတဲ့ ကစားသမားသုံးဦးကို ဆောက်ဂိတ်က ခေါ်ယူထားပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ပြီးသား အင်္ဂလန်အသင်းဟာ လာမယ့်တနင်္လာနေ့တွင် မြောက်မက်ဆီဒိုးနီးယားနှင့် အဝေးကွင်းပွဲမကစားမီ မော်လ်တာနှင့် ဝင်ဘာလေကွင်း၌ ကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းသားအများစုဟာ တနင်္လာနေ့တွင် စိန့်ဂျော့ပါ့ခ်သို့ သတင်းပို့ရမှာဖြစ်ပါတယ်။ ပယ်လ်မာဟာ ပြီးခဲ့တဲ့မီရက်သတ္တပတ်များအတွင်း ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြသနေပြီး နောက်ဆုံး ကစားထားတဲ့ ၈ ပွဲမှာ ပိုချက်တီနိုရဲ့အသင်း အတွက်  ၄ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးပေးထားတာဖြစ်ပါတယ်။

"သူရောက်လာတဲ့ပုံစံအတွက် ကျွန်တော်တို့ ပျော်ပါတယ်။ သူဟာ အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှ ရောက်လာပေမယ့် ဒီမှာ ၁၀ နှစ်လောက် ကစားထားတဲ့ပုံစံမျိုး ပြသနေတာဖြစ်ပါတယ်" လို့ ပိုချက်တီနိုက ပြောပါတယ်။
လူးဝစ်ဟာ လက်ရှိရာသီမှာ မန်စီးတီးအတွက် ၆ ပွဲ ကစားထားပြီး ဂွါဒီယိုလာရဲ့လက်အောက်မှာ ဘယ်နောက်ခံလူအဖြစ်လည်းကောင်း၊ ဗဟိုကွင်းလယ်ကစားသမားအဖြစ်လည်းကောင်း နေရာစုံမှာ ကစားခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ယခုနှစ် မတ်လတွင် အင်္ဂလန်ယူ ၂၁ အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ကွန်ဆာကတော့ အမ်မရီရဲ့လက်အောက်ရှိ ဗီလာရဲ့ခံစစ်ပိုင်းမှာ ခြေစွမ်းပြသထားသူဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ၂၀၁၇ တွင် အင်္ဂလန်ယူ ၂၀ နဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် အင်္ဂလန်ယူ ၂၁ အတွက် ကိုယ်စားပြုပြီးနောက်ပိုင်း နိုင်ငံတကာအဆင့်တွင် မပါဝင်နိုင်ခဲ့ပါဘူး။

#အင်္ဂလန် #ပယ်လ်မာ #ကွန်ဆာ ယူရို၂၀၂၄ခြေစစ်ပွဲ