ရှေ့သို့
Image

ပရီးမီးယားလိဂ်ကို ပြောင်းဖို့ တံခါးဖွင့်ထားတဲ့ နာပိုလီစတား ဗစ်တာအိုဆီမင်

8:35 AM, 14 November

ချဲလ်ဆီးကိုပြောင်းဖို့ အိုဘီမီခေးလ်က တောင်းဆိုခဲ့ပြီးနောက် နာပိုလီစတား အိုဆီမင်တစ်ယောက် ပရီးမီးယားလိဂ်ကို ပြောင်းဖို့ တံခါးဖွင့်ထားတယ်လို့ သိရပါတယ်။ အိုဆီမင်ကို နွေရာသီတုန်းက ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားခဲ့ပေမယ့် နိုင်ဂျီရီးယားသားက နာပိုလီအသင်းမှာသာ ဆက်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားဟာ နာပိုလီအတွက် ၁၁၁ ပွဲမှာ ၆၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ချဲလ်ဆီးကွင်းလယ်လူဟောင်း မီခေးလ်ကတော့ အိုဆီမင်ကို ပိုချက်တီနိုရဲ့အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ချဲလ်ဆီးကို ပြောင်းဖို့ ကျွန်တော်သူ့ကိုတောင်းဆိုချင်ပါတယ်။ ချဲလ်ဆီးအသင်းကို ကြည့်လိုက်ရင် ကောင်းမွန်တဲ့ အခိုက်အတန့်တွေမရှိသလို ဂိုးတွေလည်း မသွင်းနိုင်ပါဘူူး။ နေရာလွတ်တွေကြားထဲမှာ ပြေးလွှားနိုင်မယ့်တိုက်စစ်မှူး လိုအပ်နေပါတယ်။ ကျွန်တော် ဒါဝင်နူနက်ဇ်ကို ကြည့်ဖြစ်ပါတယ်။ သူ ၁၁ ကြိမ်ကန်ခွင့်ရသလို ပြေးလွှားနိုင်အောင်လည်း သူလုပ်ပါတယ်။ အခွင့်အရေးတွေကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ကနေ ပြေးလွှားနိုင်တာကြောင့်ပါ။ ဒီလိုအရာမျိုးကို ချဲလ်ဆီးမှာ ဗစ်တာလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ဂိုးတွေလိုအပ်နေတာပါ။ သူသာ ချဲလ်ဆီးကိုလာခဲ့ရင် ကောင်းကောင်းအံဝင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုကျွန်တော်တို့အသင်းမှာ ဒီလိုမျိုးလုပ်နိုင်တဲ့ကစားသမားမျိုးမရှိတာကြောင့်ပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့အသင်းဆီကို ဗစ်တာလာဖို့ အကြံပေးတာပါ”လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။

အိုဆီမင်ဟာ မီခေးလ်ရဲ့စကားဝိုင်းမှာ ဧည့်သည်အနေနဲ့ တက်ရောက်လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို တိုက်ရိုက်ပြောင်းမယ်လို့တော့ မပြောခဲ့ပေမယ့် နာပိုလီစတားက နောက်ထပ်ဥရောပအသင်းကြီးတစ်သင်းကို ပြောင်းဖွယ်ရှိနေပါတယ်။

“ဒါပေါ့။ အမှန်တရားကိုပြောရရင် ကျွန်တော် သြဂုတ်လတုန်းက စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ အဲ့အပတ်က ကြီးမားတဲ့ရက်သတ္တပတ်ဖြစ်ခဲ့သလို ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်လည်း ချမှတ်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော့်ကံကြမ္မာကို ဘုရားသခင်လက်ထဲအပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် နိုးလို့ပြောလေလေ သူတို့က ပိုတိုးပေးလေလေပါ။ အဲ့တာက တကယ့်ကိုအံ့ဖွယ်ပါ။ ကျွန်တော် တာဝန်ရှိသူတွေနဲ့ကော အသင်းနဲ့ပါစကားပြောဖြစ်ခဲ့ပါတယ်။ အဲ့နောက် ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပြီး အသင်းမှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ကလည်း ကျွန်တော်ဘယ်နေရာကနေလာလဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း အပြောင်းအရွှေ့မပိတ်ခင်အထိ သူတို့ဘက်ကလည်း လက်မလျှော့ပါဘူး။ ကျွန်တော်ရာသီသစ်မစခင်တုန်းကလည်း သူတို့ကိုပြောခဲ့ပါတယ်။ အဲ့တာက ပြီးစီးပြီလို့ပြောခဲ့ပါတယ်။ ကျွန်တော်အနောက်ကိုပြန်မစဉ်းစားချင်ပါဘူး။ ဒါပေါ့ အဲ့တာက ကြီးမားပါတယ်။ ကျွန်တော့်ဘဝအတွက်လည်း အပြောင်းအလဲ တစ်ခုဖြစ်မယ့်အရာပါ။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘဝအတွက် ဆုံးဖြတ်ချက်ကောင်းချမှတ်ခဲ့ပါတယ်။ ငွေအတွက် ကျွန်တော်ဘောလုံးကစားလေလေ အဲ့တာက ပိုရလာလေလေပါပဲ”လို့ အိုဆီမင်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #နာပိုလီ #အပြောင်းအရွှေ့ #အိုဆီမင် #မီခေးလ်