ရှေ့သို့
Image

‘ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတယ်’ လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဂျန်နီဟာမိုဆို

11:52 AM, 12 November

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်တွင် နာမည်ကျော် အင်္ဂလန်အမျိုးသမီး လက်ရွေးစင်အသင်းကို ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်လက်ရွေးစင်အမျိုးသမီးအသင်း အောင်ပွဲခံနေစဉ် စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရူဘီရာလက်စ်ရဲ့ အနမ်းနဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး တိုက်စစ်ကစားသမား ဟာမိုဆိုက ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။


ကစားသမားစုဖွဲ့မှု အားကောင်းတဲ့ စပိန်အမျိုးသမီးလက်ရွေးစင်အသင်းနေဖြင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြကစားရင်း ဗိုလ်လုပွဲစဉ်ကို တက်ရောက်ခွင့်ရခဲ့ကာ ဗိုလ်လုပွဲမှာ ခြေစွာနေတဲ့ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးအား ဆက်ထိန်းကာ ကမ္ဘာ့ဖလားချန်ပီယံ သရဖူဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံညချမ်းက ဖြစ်ရပ်အပေါ် စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲတွေအနေဖြင့် ဟာမိုဆိုအပါအဝင် ကစားသမားအချို့အား မေးမြန်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ထိရောက်တဲ့ အရေးယူမှုလုပ်ဆောင်ရန် လက်ရွေးစင်ကစားသမားတွေအနေဖြင့် အကြံပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံအခမ်းအနားအခမ်းအနားမှ ဖြစ်ရပ်နဲ့ ပက်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး မကြာမီမှာ ရူဘီယာလက်စ်အ‌နေဖြင့် ဥက္ကဌရာထူးကနေ နှုူတ်ထွက်ရန် ငြင်းဆန်ခဲ့ဖူးပေမဲ့ ယခုတစ်ခေါက်မှာ ဥက္ကဌရာထူးကနေ ဆက်လုပ်ရန် အခက်အခဲရှိတာကြောင့် နှုတ်ထွက်လိုက်တဲ့အကြောင်း ငြေငြာခဲ့တာပဲ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားချန်ပီယံ ညမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး ခြိမ်းခြောက်မှုတွေနဲ့ပါ ကြုံခဲ့ရတဲ့အကြောင်းနဲ့ ပက်သက်လို့ ဂျန်နီဟာမိုဆိုက “ကမ္ဘာ့ဖလားချန်ပီယံဆုပေးပွဲမှာ ဖြစ်ခဲ့တာက တကယ်ကိုရှုပ်ထွေးတဲ့ အရာတစ်ခု ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားတို့ တစ်ခါမှ မကြုံဖူးလောက်သေးတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ပါ ကြုံတွေခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးကလည်း အရေးပါတာကြောင့် စိတ်ပညာရှင်အချို့နဲ့ပါ တိုင်ပင်ဆွေးနွေးခဲ့ရပါတယ်။ ဒီကာလအတွင်း အားပေးခဲ့ကြတဲ့လူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#စပိန် #ဟာမိုဆို #ရူဘီလက်စ်