ရှေ့သို့
Image

ပြန်ပေးဆွဲခံရမှုမှာ ထိတ်လန့်စရာကောင်းလောက်အောင် နှစ်ရက်ဆက်တိုက် လမ်းလျှောက်လာခဲ့ရတဲ့ လီဗာပူးကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်

11:12 AM, 11 November

ဒီယက်ဇ်ရဲ့ ဖခင်ဟာ ဘေးကင်းလုံခြုံစွာ လွတ်မြောက်လာပြီးနောက်တွင် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်တစ်ခုရဲ့ အသေးစိတ်ကို ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဇနီးနှင့်အတူ ခေါ်ဆောင်သွားခံခဲ့ရတဲ့ ဒီယက်ဇ်ရဲ့ဖခင်ဟာ ပြန်ပေးဆွဲသူများရဲ့လက်တွင် ၁၃ ရက်ကြာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ELN တို့ရဲ့ခေါ်ဆောင်သွားခြင်းခံရတဲ့ ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီးနောက် ဒီးယက်ဇ်ရဲ့ဖခင်ဟာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် မကြာမီတွင် ဇနီးသည်က ပြန်လွတ်လာသော်လည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ပြန်ပေးဆွဲမှုအတွက် အပြုသဘောဆောင်တဲ့ အဆုံးသတ်ဖြစ်ဖို့ ဆွေးနွေးမှုတွေက ဆက်လက်ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ELM ဟာ စီနီယာဒီယက်ဇ်ကို နိုဝင်ဘာ ၉ ရက်တွင် ပြန်လွှတ်ပေးရန် သဘောတူခဲ့ပြီး ပြန်ပေးဆွဲသူများကို ရဲနှင့် ကိုလံဘီယာစစ်တပ်တို့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ကိုလံဘီယာမြောက်ပိုင်း ကာရစ်ဘီယံဒေသရှိ ရီယိုဟာချာရဲ့ ဆရာတော် ဖရန်စစ်ကို ဆီးဘယ်လော့စ်ဟာ ဒီယက်ဇ်နှင့် စကားပြောဆိုခဲ့ရတဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့၏ ပထမဆုံးအဖွဲ့ဝင်ဖြစ်ပြီး  ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Colombian TV သို့ ဆီးဘယ်လော့စ်က "မျက်စိရှေ့မှာ သူ့ရဲ့လွတ်လပ်မှုကို ဆုံးရှုံးနေတဲ့ လူတစ်ယောက်ကို မင်းမြင်ရတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ သူ့ရဲ့လွှတ်မြောက်လာမှုကို ကျွန်တော်က လက်တွေ့ကျကျတွေ့မြင်ခဲ့ရတာပါ" "ကျွန်တော်က သူ့ကို ပထမဆုံးမြင်ခဲ့ရတဲ့သူပါ။ ကျွန်တော် သူ့ကို ပွေ့ဖက်လိုက်တဲ့အခါမှာ သူက ငိုတော့တာပါပဲ" "အချိန်အကြာကြီး လမ်းလျှောက်ခဲ့ရတာကြောင့် အရမ်းပင်ပန်းနေပြီး စိတ်ထိခိုက်နေတာပါ။ ပြန်ပေးဆွဲခံရတုန်းက နှစ်ရက်ဆက်တိုက် လမ်းလျှောက်ရမယ်လို့ ပြောခဲ့ပါတယ်" "ပြန်ပေးဆွဲခံရတဲ့ ၁၃ ရက်မှာ ၆ ရက်လောက်က နေ့ရောညပါ လမ်းလျှောက်ခဲ့ရပါတယ်" လို့ ပြောပါတယ်။

ယခုအခါ ဒီယက်ဇ်ရဲ့ဖခင်ဟာ ဗယ်လီဒူပါမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာပြီးနောက် ဇနီးဖြစ်သူနှင့် ပြန်လည်တွေ့ဆုံကာ ဘရန်ကက်စ်ရှိ မိသားစုထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ၎င်း၏သားဖြစ်သူ လီဗာပူးတိုက်စစ်မှုး လူးဝစ်ဟာ ဖခင်ဖြစ်သူ လွတ်မြောက်လာချိန်တွင် တူးလော့စ်နှင့် ယူရိုပါလိဂ်တွင် ပါဝင်ကစားခဲ့ပါတယ်။

ကိုလံဘီယာလက်ရွေးစင် ကစားသမားဟာ လူတန်တောင်နှင့် ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူခဲ့ကာ နေ့စဉ်အလုပ်များကို ဆက်လက်လုပ်ဆောင်နေရင်း ရဲရင့်သော မျက်နှာထားရှိကာ ဘောလုံးပွဲစဉ်များအပေါ် အာရုံစူးစိုက်မှုအပြည့် ပြန်ထားနိုင်မှာက ဝမ်းသာစရာဖြစ်ပါတယ်။

#လီဗာပူး #ဒီယက်ဇ် #ပရီးမီးယားလိဂ်