ရှေ့သို့
Image

ဂူလာတစ်ယောက် ပွဲကစားချင်တာကြောင့် ဝမ်းနည်းနေတယ်လို့ အန်ဆယ်လော့တီ ပြောကြား

9:10 AM, 11 November

ဗလန်စီယာနဲ့ ပွဲမတိုင်ခင် ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပွဲကြိုသတင်းစာရှင်းပွဲအဖြစ် မီဒီယာကို ပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုထဲမှာ ဂူလာရဲ့နောက်ဆုံးဒဏ်ရာရအခြေအနေကို ပြောကြားခဲ့ပြီး “ကံမကောင်းစွာနဲ့ ဂူလာတစ်ယောက် ဘရာဂါနဲ့ ပွဲမတိုင်ခင် ဖြစ်ခဲ့ပါတယ်။ အဲ့တာက ဘာနဲ့မှမတူပါဘူး။ ဒါပေမယ့ သူ့အတွက်တော့ ပျင်းဖို့ကောင်းနေတော့မှာပါ။ ဆိုးဝါးတာတော့ မဟုတ်ပေမယ့် သူ့အနေနဲ့ ဝမ်းနည်းနေပါတယ်။ ဘာလို့လဲဆိုတော့ သူက ငယ်ရွယ်ပြီး ပွဲကစားချင်သလို ပွဲအတွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းပြသချင်ပါတယ်။ အဲ့တာက ခြေလှမ်းအသေးလေးပါ။။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ယခင်ဒဏ်ရာပြန်ရခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ကောင်းလာဖို့အတွက် နိုင်ငံတကာရက်သတ္တပတ်ရှိနေပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။


ဂူလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အန်ဆယ်လော့တီက
=====================
ရီးရဲလ်ကို ရောက်လာပြီးကတည်းက ဂူလာတစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး အန်ဆယ်လော့တီက ပထမဆုံးဒဏ်ရာက ပြီးခဲ့တဲ့နှစ်က သူရခဲ့တဲ့ဒူးဒဏ်ရာပါ။ အဲ့တာက  အခြေခံသဘောတရားပါ။ မင်းအနေနဲ့ ဒူးဒဏ်ရာရချိန်မှာ မင်းရဲ့အခြားခြေထောက်လည်း ဒဏ်ရာရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာကကြွက်သားဒဏ်ရာကြောင့်ပါ။ ဒီလိုမျိုး ဂူလာကဖြစ်နေတာပါ။ သူ့အနာဂတ်က လှပသလို သူ့မှာကြီးမားတဲ့ အရည်အချင်းကောင်းတွေရှိနေပါတယ်။ သူစိတ်ပျက်နေမယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အဲ့တာက အသေးစားဒဏ်ရာပါ။ ကျွန်တော့်မှာ အတွေ့အကြုံရှိပါတယ်။ ကျွန်တော်အသက် ၂၁ နှစ်တုန်းက အဲ့ဒဏ်ရာ ရခဲ့ပြီး ပြန်လာနိုင်ခဲ့ပါတယ်။ ဂူလာရဲ့အနာဂတ်က သံသယဖြစ်စရာမလိုပါဘူး။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ သူပြန်လာနိုင်မှာပါ။

ဒဏ်ရာရကစားသမားတွေအပေါ်
==============
ကျွန်တော်တို့ အေးဆေးလေးကိုင်တွယ်ပါတယ်။ သူတို့အားလုံးကိုလည်း စိတ်အေးအေးထားပြီး ပြန်လာနိုင်အောင်လုပ်ဆောင်ဖို့ ပြောကြားထားပါတယ်။ ဂူလာလည်း မကြာခင်မှာ ပြန်လာနိုင်မှာပါ။

ဘယ်လင်ဟမ်ပါဝင်နိုင်မလားအပေါ်
===================
ပခုံးဒဏ်ရာကြောင့် ဘရာဂါနဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် ဘယ်လင်ဟမ်ရဲ့အခြေအနေက မသေချာသေးပဲ အန်ဆယ်လော့တီကတော့ သူ့အနေနဲ့ မနက်ဖြန်မှာ အခြေအနေကိုစောင့်ကြည့်ပြီး ကိုင်တွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက ဂိုးသမားနေရာအတွက် ကီပါမရှိတဲ့အချိန်မှာ လူနင်ကို ပွဲထွက်စေမှာဖြစ်ပြီး ဘရာဂါနဲ့ပွဲက လူနင်ရဲ့စွမ်းဆောင်ရည်ကို သဘောကျတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာချုပ်သစ်အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ဗယ်လ်ဗာဒီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗလန်စီယာ #အန်ဆယ်လော့တီ #ဂူလာ