ရှေ့သို့
Image

လာဇီယိုနည်းပြ ဆာရီကို သရော်လိုက်တဲ့ ရိုးမားနည်းပြ မော်ရင်ဟို

8:46 AM, 10 November

ရိုးမားအသင်းနဲ့ ပရာဟာအသင်း ပွဲစဉ်အပြီးမှာ မော်ရင်ဟိုနဲ့ ဆာရီတို့ကြား စကားစစ်ထိုးမှုတွေဖြစ်ပွားခဲ့ပြီး မော်ရင်ဟိုက သူကအရာအားလုံး အနိုင်ရပြီးသားလို့ ဆာရီကို သရော်လိုက်ပါတယ်။

ဆာရီက ရိုးမားနဲ့ ပရာဟာအသင်းတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်အတွင်း ပြင်းထန်မှုတွေမရှိသလို ခြေစမ်းပွဲထက်ပိုတယ်လို့ ဆိုခဲ့တာဖြစ်ပြီး အခုအပတ် စီးရီးအေမှာမတွေ့ဆုံခင် ပြောကြားလိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုက ဆာရီရဲ့ ပြောကြားချက်ကို ပွဲအတွက်ချဉ်းကပ်မှု နဲ့ နည်းပြဘဝအောင်မြင်မှုတွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။

“ဘဝမှာ အကြီးမားဆုံးပွဲတွေဆိုတာ အမြဲတမ်းရှိတတ်ပါတယ်။ ကျွန်တော် နည်းပြဘဝစတင်ကတည်းက ဒီလိုပြဿနာတွေ ရှိတာပါ။ တစ်စုံတစ်ယောက် ဒီမှတ်ချက်ကို ပြန်လည် ချေပချင်တယ်ဆိုရင် အဲ့တာက ကျွန်တော်မဟုတ်ပဲ ပရာဟာဖြစ်ပါလိမ့်မယ်။ သူပြောသလိုဆိုရင် ပရာဟာက အရည်အချင်းမရှိသလို ဖြစ်နေပါတယ်။ ကျွန်တော် ပြိုင်ဘက်ကိုအမြဲတမ်းလေစားပြီးသားပါ။ နည်းပြမှာတော့ အဲ့တာက  မတူညီမှုတွေရှိသလို ဆုဖလား ၂၆ လုံး နဲ့ နောက်တစ်ခုက အရာအားလုံးအောင်မြင်ထားတာပါ။ အဲ့တာက စိတ်ပိုင်းဆိုင်ရာနဲ့အတူတူပါပဲ။ ပွဲတိုင်းကို သေချာလေးပြင်ဆင်ရမှာပါ။ ခြေစမ်းပွဲဆိုတာမရှိပါဘူး။ ကျွန်တော် စီးရီးအေရဲ့တုံ့ပြန်မှုကို ကြားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက တိုက်ရိုက်ဝေဖန်တာဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ကျွန်တော် စောင့်ဆိုင်းနေပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

ရိုးမားအသင်းဟာ ကနဦးတုန်းက ပရာဟာအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့ပြီး ပေါ်တူဂီသားက အားရကျေနပ်ခြင်းမရှိတာ ဖြစ်ပါတယ်။ “အဖွင့်မိနစ်မှာ ကျွန်တော်တို့ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပွဲအများစုက ဒီနည်းနဲ့မတိုးတက်နိုင်ပါဘူး။ မိနစ် ၂၀ အကြာမှာ ကျွန်တော်တို့ဒုတိယဂိုးရခဲ့ပါတယ်။ ပရာဟာက တောင့်တင်းတဲ့အသင်းပါ။ သူတို့မှာ စုဖွဲ့မှုရှိသလို တိုက်စစ်ကော ခံစစ်ပိုင်းပါ အရည်အချင်းရှိပါတယ်။ ပြီးတော့ နည်းပြကောင်းလည်းရှိသလို လှပတဲ့ကွင်းလည်းရှိပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ နီးစပ်နေပါပြီ။ သူတို့က ဆာဗီတီ ၊ ရှရစ်ဖ်တို့နဲ့ယှဉ်ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်းရှိနေပါသေးတယ်။ ကျွန်တော်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ရိုးမားအသင်းဟာ ပရာဟာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အရေးပါနေတာဖြစ်ပါတယ်။ နိုင်ပွဲ ရခဲ့မယ်ဆိုရင် အုပ်စုတွင်းထိပ်ဆုံးနေရာအပြင် ခြေစစ်ပွဲကန်ရမယ့်အရေးပါ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

#ဆာရီ #လာဇီယို #မော်ရင်ဟို #ယူရိုပါလိဂ်