ရှေ့သို့
Image

ပေါင်ဒဏ်ရာကြောင့် ပွဲအနည်းငယ်ကို လွဲချော်မယ့် ရီးရဲလ်ဂိုးသမား ကီပါ

8:41 AM, 10 November

ရီးရဲလ်အသင်းကတော့ ဒီရာသီပွဲစဉ်အချို့ကို အဓိကဂိုးသမား ကီပါမပါပဲ ကန်ရဖို့ များနေပါတယ်။ အသက် ၂၉ နှစ်သားဟာ နွေရာသီတုန်းက ချဲလ်ဆီးထံကနေ ရီးရဲလ်ထံ အငှားလာကစားနေတာဖြစ်ပြီး ဘရာဂါအသင်းနဲ့ပွဲလူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာ ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး  လူနင်နဲ့ အစားထိုးခဲ့ရပါတယ်။ ယူကရိန်းသားဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး အစောပိုင်းပင်နယ်တီကို ကာကွယ်နိုင်ခဲ့ကာ အသင်းကို ၃ ဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကီပါအခြေအနေက ၂ ပတ်ကနေ ၃ ပတ်လောက်နားရနိုင်တယ်လို့သိရပြီး လာမယ့် ဗလန်စီယာနဲ့ပွဲမှာလည်း လူနင်ပဲ ဆက်လက်ပါဝင်ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်အသင်းအတွက်တော့ နိုင်ငံတကာရက်သတ္တပတ်ရှိနေတာက ဆိုးဆိုးဝါးဝါးထိခိုက်စေမှာမဟုတ်ပဲ ကီပါတစ်ယောက် နားချိန်ရခဲ့တာဖြစ်ပါတယ်။

ဗလန်စီယာနဲ့ပွဲအပြီးမှာ ကာဒစ်ဇ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပေမယ့် ၁၅ ရက်လောက်ခြားနေတာကြောင့် ကီပါတစ်ယောက် ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။  ၃ ပတ်အပြီးမှာ ရီးရဲလ်ဟာ နာပိုလီအသင်းကို ဧည့်ခံရမှာဖြစ်ပြီး ကီပါပြန်လာနိုင်လောက်တာဖြစ်ပါတယ်။

အန်ဆယ်လော့တီအတွက် ဗလန်စီယာနဲ့ပွဲက အနည်းငယ်ခက်ခဲနိုင်ပြီး မီလီတာအို ၊ ကီပါ၊ ကော်တိုရစ်တို့ဒဏ်ရာ ရနေချိန်မှာ ရူဒီဂါကလည်း ပွဲပယ်ခံထားရတာကြောင့် နောက်တန်းမှာ နာချိုဖာနန်ဒက်ဇ် ၊ အလာဘာတို့နဲ့ ကစားရဖွယ်ရှိနေပါတယ်။

#လာလီဂါ #ကီပါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ