ရှေ့သို့
Image

ကိုပင်ဟေဂင်ရဲ့ပထမဂိုးက လူကျွံနေတယ်ဆိုပြီး ပေါက်ကွဲနေကြတဲ့ ယူနိုက်တက်ပရိသတ်များ

9:18 AM, 9 November

ယူနိုက်တက်ပရိသတ်တွေဟာ ကိုပင်ဟေဂင်အသင်းရဲ့ ပထမဂိုးက လူကျွံနေတာကြောင့် ခွင့်မပြုသင့်ဘူးဆိုပြီး ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ကိုပင်ဟေဂင်ကို နှစ်ပွဲဆက် အနိုင်ရဖို့ ရည်မှန်းကာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါပွဲမတိုင်ခင် ယူနိုက်တက်အသင်းက အုပ်စုတတိယနေရာမှာ ရှိနေပြီး အုပ်စုတက်ရေးအတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ပွဲစပြီး ၁၅မိနစ်အတွင်းမှာတင် ဟွိုက်လန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကာ အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။

အင်္ဂလန်သား ထုတ်ပယ်ခံရပြီး သိပ်မကြာခင်မှာပဲ ကိုပင်ဟေဂင်က ချေပဂိုးရခဲ့ပြီး အယ်ယွန်နက်ဆီက သွင်းယူပေးသွားခဲ့ပါတယ်။ အယ်ယွန်နက်ဆီရဲ့ သွင်းဂိုးမှာ လူကျွံနေတဲ့ ကစားသမားက ပါဝင်ပတ်သက်နေတာကြောင့် ဒီဂိုးကို ခွင့်မပြုပေးသင့်ဘူးဆိုပြီး ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

ပရိသတ်တစ်ဦးက "ကိုပင်ဟေဂင် ကစားသမားတစ်ယောက်က အိုနာနာကို မမြင်ရအောင် ကာထားတဲ့အတွက် လူကျွံဘောပေးရပါမယ်"ဆိုပြီး ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း "တခြားအသင်းသာဆိုရင် လူကျွံဘောဖမ်းမှာ သေချာတယ်"လို့ ဆိုပါတယ်။ တတိယတစ်ဦးကလည်း "ငါတို့က အပတ်တိုင်း ဒီလိုလုပ်ခံရနေတာပဲ။ ဒါက ဘက်လိုက်တယ်ဆိုတာ ရှင်းပါတယ်"လို့ ရေးခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း "သူတို့ ဘာလို့ VAR မကြည့်ခဲ့တာလဲ။ ဒီကောင်က အိုနာနာကို ကာထားတာပါ"လို့ ဆိုပါတယ်။

ယူနိုက်တက်အသင်းကတော့ အဆိုပါပွဲစဉ်အတွင်း ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ခဲ့တဲ့အတွက် ၄-၃ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ အဆင့်၄နေရာအထိ ဆင်းသွားခဲ့ပြီး အုပ်စုတက်ရေးမျှော်လင့်ချက် ဝေဝါးသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်