နူနိုဆန်းတို့ကို ထုတ်ပယ်ပြီးနောက် လိုပီတီဂူကို ချိတ်ဆက်နေတဲ့ အယ်လ်-အီတီဟက်
8:20 AM, 9 November
အင်္ဂါနေ့တုန်းက နူနိုဆန်းတို့ကို ထုတ်ပယ်ခဲ့ပြီးနောက် အယ်လ်-အီတီဟက်အသင်းဟာ လိုပီတီဂူနဲ့ အစားထိုးဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဆော်ဒီကလပ်ဟာ ဒီရာသီ ၁၂ ပွဲမှာ ၆ ပွဲသာ အနိုင်ရခဲ့ပြီး တနင်္လာနေ့တုန်းက အာရှချန်ပီယံလိဂ်မှာ Air Force ကလပ်ကို ၂-၀ အရေးနိမ့်ခဲ့ကာ အဲ့နောက် ဆန်းတို့ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီးမား၊ ကန်တီ၊ ဖာဘင်ဟိုတို့လို ကစားသမားတွေခေါ်ယူထားခဲ့ပေမယ့် အီတီဟက်အသင်းဟာ ထိပ်ဆုံးနေရာက အယ်လ်-ဟီလယ်အသင်းနဲ့ ၁၁ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ဆန်းတို့ဟာ တော့တင်ဟမ် အသင်းကနေ အထုတ်ခံရပြီးနောက် ၂၀၂၂ ဇူလိုင်လတုန်းက အယ်လ်-အီတီဟက်အသင်းရဲ့ နည်းပြဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်သားဟာ ယခင်တုန်းက ဝုဗ်အသင်းနည်းပြ အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းထောက် ဂူလီယန်ကတော့ လိုပီတီဂူနဲ့ နီးစပ်တဲ့ဆက်ဆံရေး အခြေအနေရှိနေတာဖြစ်ပြီး အယ်လ်-အီတီဟက်အသင်းက ချိတ်ဆက်နေပေမယ့် နည်းပြကိုယ်တိုင်က ပရီးမီးယားလိဂ်က ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
“သူ့အစီအစဉ်က ရှင်းပါတယ်။ သူက အင်္ဂလန်မှာဆက်နေချင်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။ အသင်းတိုင်းက အတိတ်ကာလတုန်းက သူ့ကို ချိတ်ဆက်နေပါတယ်။ လိုင်ယွန်၊ ဗီလာရီးရဲလ်တို့နဲ့ သတင်းကြားခဲ့ပြီး သူ့စိတ်ကူးက ရှင်းပါတယ်”လို့ ဂူလီယန်က ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေက ထုတ်ပယ်မှုတွေမရှိတာကြောင့် လိုပီတီဂူအတွက် နေရာလွတ်မရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဝုဗ်အသင်းကို အဆင့် ၁၃ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အထုတ်ခံခဲ့ရပြီး စပိန်သားကို ယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့်လည်း နယ်သာလန်သားရဲ့အခြေအနေက ပြဿနာမရှိသေးပဲ ရာထူးဆက်မြဲဖွယ်ရှိနေပါတယ်။ အယ်လ်-အီတီဟက်ကတော့ နည်းပြသစ်ရှာဖွေလို့ မရခင်အထိ လက်ထောက်နည်းပြ ကလီဖာက ဆက်လက်တာဝန်ယူမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
“အသင်းနဲ့ နူနိုတို့ကြားမှာ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အယ်လ်-အီတီဟက်အနေနဲ့ နူနိုဆန်းတို့ရဲ့စွမ်းဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်နေမှာပါ။ အနာဂတ်မှာ သူဆက်လက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ အယ်လ်-အီတီဟက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။