ရှေ့သို့
Image

ဘာစီလိုနာကနေ အမေရိကန်မြေကို ပြောင်းရွှေ့လာဖွယ်ရှိနေတဲ့ လီဝန်ဒေါစကီး

11:24 AM, 7 November

နည်းပြ ဇာဗီရဲ့ ဒုတိယမြောက်ဘောလုံးရာသီတွင် လာလီဂါဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ယခုနှစ်မှာ ချန်ပီယံဆုကာကွယ်ရန် ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက မေဂျာလိဂ်မှာ ကစားချင်တဲ့အကြောင်း ပြောဆိုထားဖူးသလို မေဂျာလိဂ်ကလပ်အသင်းတစ်သင်းကပါ ခေါ်ယူရန် ချိတ်ဆက်နေတဲ့ အကြောင်း သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှုးစစ်စစ်အဖြစ် သေသပ်ပိုင်နိုင်စွာ ကစားတတ်လေ့ရှိတဲ့ အသက် ၃၅ နှစ်အရွယ် ပိုလန်ဝါရင့်တိုက်စစ်မှုးကို မေဂျာလိဂ်ကလပ်အသင်း အတော်များများက ခေါ်ယူချင်နေတာဖြစ်ပြီး ရာသီကုန်တွင် ကမ်းလှမ်းမှုတွေ အပြိုင်ပြုလုပ်ကြနိုင်ချေများနေတာလည်း ဖြစ်ပါတယ်။

လီဝန်ဒေါစကီးသာ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖြစ်ပါက အမေရိကန် ဘောလုံးလောကရဲ့ လုပ်ခနှုန်းထားအမြင့်မားဆုံး ကစားသမားတွေထဲမှ တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နိုင်မှာဖြစ်ပြီး ပိုလန်တိုက်စစ်မှုးအနေဖြင့် ဘာစီလိုနာအသင်းမှာ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်အထိ ကျန်နေသေးတာလည်း ဖြစ်ပါတယ်။ ချန်ပီယံဆုကာကွယ်ရန် အားစိုက်ပြင်ဆင်နေတဲ့ လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာအသင်းက လာမယ့် ကြားရက်ပွဲစဉ်တွင် ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

အမေရိကန်မြေမှာ သွားရောက်ကစားချင်တဲ့ အကြောင်းနဲ့ ပက်သက်လို့ အသက် ၃၅ နှစ်အရွယ် လီဝန်ဒေါစကီးက“ကိုဗစ်ကာလမတိုင်မီကတည်းက မေဂျာလိဂ်မှာ သွားရောက်ကစားခွင့်ရရေးအတွက် ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ စိတ်ပြောင်းပြီး ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားဘဝ ပြီးရင် အကောင်အထည်ဖော်ဖြစ်ကောင်း ဖော်ဖြစ်နိုင်ပါတယ်”လို့ ဖွင့်ဟပြောဆိုခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လီဝန်ဒေါ့စကီး