ရှေ့သို့
Image

ပယ်လ်မားရီးယက်စ်မှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပထမဆုံးအကြိမ် ဘရာဇီးအသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရတဲ့ အန်းဒရစ်ခ်

10:41 AM, 7 November

ဘရာဇီးဆယ်ကျော်သက်စတား အန်းဒရစ်ခ်တစ်ယောက် ပယ်လ်မားရီးယက်စ်မှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပထမဆုံးအကြိမ် ဘရာဇီးစီနီယာအသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရပါတယ်။

ဘရာဇီးနည်းပြ ဒီနစ်ဇ်က အသက် ၁၇ နှစ်သားကို အာဂျင်တီးနား ၊ ကိုလံဘီယာတို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လူစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အန်းဒရစ်ခ်ဟာ လာမယ့်နွေရာသီမှာ အသက် ၁၈ နှစ် ပြည့်ချိန်မှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ဘရာဇီးကလပ် ပယ်လ်မားရီးယက်စ်အသင်း အတွက် နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အန်းဒရစ်ခ်ကိုခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး ဒီနစ်ဇ်က “သူက အလားအလာအများကြီးရှိတဲ့ လူငယ်ကစားသမားတွေထဲက တစ်ဦးပါ။ သူအတည်ပြုလား မပြုဘူးလားဆိုတာ ကျွန်တော်မသိပါဘူး။ ခေါ်ယူမှုက ဖိအားမဟုတ်ပါဘူး။ ဒါပေမယ့် ဆုတစ်ဆုအနေနဲ့ အနာဂတ်ကို မြင်နိုင်စွမ်းရှိသလို ဒီကောင်လေးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ ၂၀၀၆ ခုနှစ်ဖွားကောင်လေးတစ်ဦးက ကျွန်တော့်ရဲ့အာရုံစိုက်မှုကို အချိန်အတော်ကြာရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အန်းဒရစ်ခ်ဟာ ကြာသပတေးနေ့မှာ ကစားမယ့် ကိုလံဘီယာနဲ့ပွဲမှာ ဘရာဇီးအသင်းအတွက် ပွဲဦးထွက် ပါဝင်လာဖွယ်ရှိနေပါတယ်။ အဲ့နောက် ၅ ရက်အကြာမှာ ဒီနစ်ဇ်ရဲ့အသင်းဟာ အာဂျင်တီးနား အသင်းနဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။

#ဘရာဇီး အန်းဒရစ်ခ် #ပယ်လ်မားရီးယက်စ်