ရှေ့သို့
Image

ငွေညှစ်အကြပ်ကိုင်ခဲ့တဲ့ လူတစ်စုအား မေ့လို့ရမှာမဟုတ်ဘူးလို့ ရင်ဖွင့်လာတဲ့ ပေါ့ဂ်ဘာ

3:30 PM, 4 November

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ အိုးလေဒီတို့အတွက် ဒဏ်ရာကြောင့် ပုံမှန် ပွဲထွက်ကစားပေးနိုင်ရန် ရုန်းကန်နေရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ်လ်ပေါ့ဂ်ဘာအနေဖြင့် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပွဲကစားခွင့် ပိတ်ပင်ထားတာကြောင့် ဖိအားအချို့နဲ့ ကြုံတွေ့နေရချိန် ငွေညှစ်ခံရတဲ့ ဖြစ်ရပ်နဲ့ပက်သက်ပြီး ပြန်ပြောင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ်အသင်းအတွက် ပွဲစဉ် အနည်းငယ်သာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားပေးရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် အူဒီးနီးစ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အပြီးမှာ တားမြစ်ဆေးသုံးစွဲထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့အပြီးမှာ ပေါ့ဂ်ဘာအတွက် ခက်ခဲတဲ့ ကာလတွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး စီးရီးအေကလပ်အသင်းအတွက်လည်း ပွဲစဉ် ၁၂ပွဲသာ ကစားပေးခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့အတူ ပွဲကစားပေးနိုင်ရန် ရုန်းကန်နေခဲ့ရသလို အစ်ကိုဖြစ်သူ မာတီးယက်စ်ပေါ့ဂ်ဘာပါဝင်တဲ့ ငွေညှစ်ခြိမ်းခြောက်မှု ဖြစ်စဉ်မှာလည်း ပေါ့ဂ်ဘာအနေဖြင့် ကစားသမားဘဝမှ အနားယူရန်အထိပါ စဉ်းစားခဲ့ဖူးကြောင်း ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ့ဂ်ဘာအနေဖြင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတွင် ငွေညှစ်အကြပ်ကိုင်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ကနဦးပိုင်းမှာ ဆွေးနွေးရန်လုပ်ဆောင်ခဲ့သေးပေမဲ့ မြင့်မားတဲ့ ငွေကြေးတောင်းဆိုမှုကြောင့် ငြင်းပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေးကြေးအကြပ်ကိုင်ကြတဲ့ သူတွေနဲ့ ပက်သက်လို့ ပေါလ်ပေါ့ဂ်ဘာက “သူတို့ရဲ့ လုပ်ရပ်အပေါ် ကျွန်တော် အမြဲတမ်းအမှတ်ရနေမှာပါ။ မိသားစုဝင်တွေလို နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့သူတွေဖြစ်တာကြောင့် ကျွန်တော့်ဘက်က အမြဲတမ်းလေးစားခဲ့ရတာပါ။ အချိန်ရင် အမှန်တရားက ထွက်ပေါ်လာမှာပါ” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ပေါ့ဂ်ဘာ