ရှေ့သို့
Image

နယူးကာဆယ်နှင့် ပွဲမတိုင်မီ ဂျီးဆပ်နှင့် စမစ်ရိုတို့အတွက် စိတ်ပူနေတဲ့ အာတီတာ

2:02 PM, 4 November

ဂျီးဆပ်နှင့် စမစ်ရိုတို့ရဲ့ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး အပြုသဘောဆောင်တဲ့သတင်းတွေကို အာဆင်နယ်နည်းပြ အာတီတာက ပြောပြနိုင်ခြင်းမရှိပါဘူး။

ဂန်းနားတွေဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ၂ ဦးမပါဘဲ နယူးကာဆယ်နဲ့ စနေနေ့မှာ ကစားဖို့ ပြင်ဆင်နေပါတယ်။ ဆီဗီလာနှင့်ပွဲမှာ ဒဏ်ရာရရှိပြီးကတည်းက ဂျီးဆပ်ဟာ မပါဝင်ခဲ့ရသလို စမစ်ရိုကလည်း ဒဏ်ရာကြောင့် ဝက်စ်ဟမ်းအား ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ သူတို့ ၂ဦးက ဘယ်အချိန်လောက် ပြန်ကစားနိုင်မလဲဆိုတာကို မသိသေးပါဘူးလို့ အာတီတာက ပြောကြားထားပါတယ်။

Hale End အကယ်ဒမီထွက်အတွက် မေးမြန်းတဲအခါမှာ အတီတာက "ဘာမှမပြောင်းလဲပါဘူး။ စမစ်ရိုက ရက်သတ္တပတ်ကြာအောင် အနားယူတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နောက်ထပ် လေ့ကျင့်ခန်းရှိနေသေးတာကြောင့် ဖြစ်နိုင်ခြေရှိပေမယ့် ကျွန်တော် မသိသေးပါဘူး"လို့ ပြန်ဖြေပါတယ်။ အာတီတာရဲ့ဖြေကြားချက်က ဂျီးဆပ်အတွက်လည်း အတူတူပါပဲ။ နိုဝင်ဘာလ နိုင်ငံတကာ အားလပ်ရက် မတိုင်မီတွင် ဘရာဇီးနိုင်ငံသား ကစားနိုင်မလားလို့မေးမြန်းရာတွင် ဂန်နာနည်းပြက "ဒါကို ကျွန်တော် အာမမခံနိုင်ပါဘူး။ ရက်သတ္တပတ်ကြာအောင် အနားယူရမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်" လို့ ပြောပါတယ်။

နောက်ထပ် ဒဏ်ရာရရှိမှု ၂ ခုကလည်း အာဆင်နယ်အတွက် ဆိုးရွားစေခဲ့ပြီး သောမတ်စ်ပါတေးကလည်း ယခုလနှောင်းပိုင်းအထိ အနားယူရမယ်လို့ အတည်ပြုခဲ့ပြီး နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူထားတဲ့ တင်းမ်ဘားကလည်း ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဒူးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လာမယ့်နှစ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် နယူးကာဆယ်ဟာ ခြေစွမ်းပိုင်း ကောင်းမွန်နေပြီး အိမ်ကွင်းမှာ အကောင်းဆုံးကစားသွားနိုင်မယ်ဆိုတာက သံသယဖြစ်ဖွယ်ရာမရှိပါဘူး။

အသင်းမှာ ဒဏ်ရာရ ကစားသမားတွေရှိနေသော်လည်း အနိုင်ရရှိပါက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးသို့ရောက်သွားနိုင်ပြီး ပြိုင်ဘက် တော့တင်ဟမ်က ချဲလ်ဆီးနှင့် တနင်္လာနေ့မှ ကစားရမှာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #နယူးကာဆယ် #ဂျီးဆပ် #စမစ်ရို #ပရီးမီးယားလိဂ်