ရှေ့သို့
Image

အာဖရိကဖလား သွားကစားမယ့် အိုနာနာကြောင့် ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ယူနိုက်တက်

10:29 AM, 4 November

အသင်းရဲ့နံပါတ် ၁ ဂိုးသမား အိုနာနာက ဇန်နဝါရီလမှာ ကျင်းပမယ့် ၂၀၂၃ AFCON သို့သွားရောက်မှာ ဖြစ်တာကြောင့် ယူနိုက်တက်ဟာ ပေါ်တိုဂိုးသမား ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

လက်ရွေးစင် ကစားသမားဘဝမှ အနားမယူခင် ကာတာကမ္ဘာ့ဖလားကနေ အိမ်ပြန်ပို့ခံလိုက်ရတဲ့ အင်တာမီလန် ဂိုးသမားဟောင်း အိုနာနာရဲ့သတင်းက ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အိုနာနာက အဆိုပါဆုံးဖြတ်ချက်အား ပြန်ပြင်ခဲ့ပြီး ယခုဇန်နဝါရီလမှာ ကစားမယ့် ပွဲစဉ်များအတွက် ရွေးချယ်ခံခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ဦးစားပေးဂိုးသမား မပါဝင်ဘဲ တစ်လနီးပါးကစားရတော့မှာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ သရဲနီတွေဟာ ဂိုးသမားသစ်ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း စပိန်သတင်းစာဖြစ်တဲ့ Fichajes က ပြောကြားထားပါတယ်။ အထူးသဖြင့် ပေါ်တိုဂိုးသမား ကော်စတာဟာ ယခင်ကတည်းက ယူနိုက်တက်နှင့် ချိတ်ဆက်ခဲ့ဖူးပြီး အင်္ဂလန်ကလပ်ရဲ့ ချီးကျူးခြင်းကိုပါ ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါ စိတ်ဝင်စားမှုဟာ အိုနာနာရဲ့ လက်စွမ်းကြောင့်မဟုတ်ဘဲ ယူနိုက်တက်ရဲ့ အရန်ဂိုးသမား လိုအပ်မှု သက်သက်ကြောင့်သာ ဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် ယူရို သန်း ၅၀ (ပေါင် ၄၄ သန်း၊ ဒေါ်လာ ၅၃ သန်း) နီးပါးပေးချေရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကော်စတာဟာ ကစားသမားဘဝတစ်လျှောက်လုံး ပေါ်တိုတွင် ကစားခဲ့တာဖြစ်ပြီး စီနီယာပွဲပေါင်း ၁၂၂ ပွဲအထိ ပါဝင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကော်စတာဟာ အိုနာနာထက် ၃ နှစ်ငယ်ပြီး လာမယ့် နှစ်ပေါင်းများစွာမှာ ကင်မရွန်းလက်ရွေးစင် အတွက် ပြိုင်ဆိုင်ရှိစေဖို့ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ပေါ်တူဂီသားကို ယူနိုက်တက်က ခိုင်မာသော ကမ်းလှမ်းမှုအဖြစ် အကောင်အထည်ပေါ်လာခြင်း ရှိမရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ကော်စတာ #ပရီးမီးယားလိဂ်