စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ဂီတာဖေးအသင်း အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးလိုက်နိုင်တဲ့ ဂရင်းဝုဒ်
2:46 PM, 2 November
စပိန်ဘုရင့်ဖလား ပွဲစဉ်တစ်ပွဲအဖြစ် ဂီတာဖေးအသင်းနဲ့ တာဒီယန်တာအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် စံချိန်တင် ၁၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် ဂီတာဖေး အသင်းက အနိုင်ရခဲ့ပြီး တိုက်စစ်မှာ ပွဲထွက်လာတဲ့ ဂရင်းဝုဒ်အနေဖြင့် ပွဲစဉ်အတွင်းမှာ ခြေစွမ်းပြ ကစားကာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချီးကျူးမှုကိုရရှိ နေသလို ရှေ့လာမယ့် ပွဲစဉ်တွေအတွက် ယုံကြည်ချက်ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။
ဂီတာဖေးအသင်းနဲ့ ဆယ်လ်တာဗီဂိုအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂရင်းဝုဒ်က ဂီတာဖေးကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးရှာဖွေနိုင်ခဲ့အပြီးမှာ နည်းပြ ဘော်ဒါလက်စ်ရဲ့ ယုံကြည်မှုနဲ့အတူ ဂရင်းဝုဒ်အနေဖြင့် ပွဲကစားခွင့်တွေ ဆက်တိုက်ရနေတာလည်း ဖြစ်ပါတယ်။ နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မတိုင်မီမှာပဲ မေဆင်ဂရင်းဝုဒ်ရဲ့ ကျောနံပါတ် ၁၂ ပါဂျာစီက ကလပ်အသင်းရဲ့ သမိုင်းတစ်လျှောက် ရောင်အားကောင်းဆုံး စံချိန်တင်နိုင်ခဲ့တဲ့အထိ ပရိတ်သတ်အားပေးမှုရထားတာ ဖြစ်ပါတယ်။
မေဆင်ဂရင်းဝုဒ်ရဲ့ ဂီတာဖေးသင်းက ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁၁ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၁ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းပြသနေတာပဲ ဖြစ်ပါတယ်။ တာဒီယန်တာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂရင်းဝုဒ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ပွဲစဉ်အတွင်းမှာ အဓိကခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်ကစားသမား လိုဇာနိုက ဖန်းတီးပေးခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်ကလည်း အမှားအယွင်းမရှိ သွင်းဂိုးတွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဂရင်းဝုဒ်အနေဖြင့် ဂီတာဖေးအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်တာကြောင့် လာလီဂါတွင် ဆက်ကစားရန် ဆန္ဒရှိနေပြီး အခြားလာလီဂါကလပ် အသင်း တစ်သင်းဖြစ်တဲ့ ဆီဗီလာအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။