ရှေ့သို့
Image

လူကာကူကို လေးစားမှုမရှိတဲ့သူလို့ ဝေဖန်ပြောကြားလိုက်တဲ့ အင်တာအားကစားဒါရိုက်တာ

12:55 PM, 2 November

ရိုးမားတိုက်စစ်မှုး လူကာကူဟာ ဖုန်းမှတ်တမ်းများကို ဖုန်းကွယ်ခဲ့ခြင်းနှင့် လေးစားမှုမရှိခြင်းဖြင့် အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ အော်စီလီယိုရဲ့ စွပ်စွဲခြင်းခံထားရပါတယ်။

မိခင်ကလပ်ချဲလ်ဆီးတွင် ပိုလျှံနေတဲ့ ကစားသမားဖြစ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံသားဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရှိနေခဲ့ပါတယ်။ အင်တာသို့ အပြီးသတ်ပြောင်းလာခဲ့ပြီးနောက် အသင်းရဲ့ ၁၁ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားကို ၂၀၂၁ ခုနှစ်တွင် ရရှိအောင်ကူညီခဲ့ပါတယ်။

ချဲလ်ဆီးသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် အင်တာသို့ အငှားပြန်လာခဲ့တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဂျူဗင်တပ်စ်နှင့် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ပြန်လည်ခေါ်ယူရေးအတွက် ချဲလ်ဆီးနှင့် ညှိနှိုင်းမှုကနေ အင်တာက နှုတ်ထွက်ခဲ့ပြီး ရိုးမားသို့သာ အငှားဖြင့် ပြောင်းရွှေ့သွားရတာဖြစ်သော်လည်း အင်တာမီလန်မှာတော့ မကောင်းတဲ့ခံစားချက်များရှိနေပါတယ်လို့ အော်စီလီယိုက ပြောပါတယ်။

"လက်ရှိအခြားကလပ်တစ်ခုမှာ ရှိနေတဲ့ ကစားသမားတစ်ယောက်အကြောင်းကို မပြောလိုပါဘူး။ မကြာသေးမီလတွေမှာလည်း ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုသာ တွေးရတာ နှစ်သက်ပါတယ်။ လူကာကူက အတိတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဲ့ဒီတုန်းက သူနဲ့အတူ ကျွန်တော်တို့က စီးရီးအေဖလားကို ရရှိခဲ့ပြီး ဖိုင်နယ်နှစ်ပွဲမှာရှုံးခဲ့ကာ အရေးကြီးတဲ့အရာကို ယူဆောင်လာနိုင်ခဲ့ပါတယ်" "ကျွန်တော်ပြောချင်တာက ယဉ်ကျေးမှုနဲ့ လေးစားမှု ရှိရပါမယ်။ ကိစ္စတွေက သိသာထင်ရှားပါတယ် ဒါပေမယ့် တစ်ချိန်ကျရင် ဒီအခြေအနေတွေ ပြီးသွားပါမှာပါ။ မပြီးမြောက်နိုင်တဲ့ သဘောတူညီချက်တွေရှိပေမယ့် လေးစားမှုသာရှိမယ်ရင် ဘယ်တော့မှ ပြဿနာလာမှာမဟုတ်ပါဘူး"

"တခြားသူတွေဆီ စာပြန်ပို့တဲ့အခါ ဖုံးကွယ်ထားပြီး နောက်တစ်ခုက ပြောင်းရွှေ့ဖို့ဆက်စဉ်းစားနေတာပါ။ ကျွန်တော့်အတွက်ကတော့ ဇူလိုင် ၈ ရက် ကတည်းက ပြီးသွားပါပြီ နောင်တရစရာမရှိပါဘူး။ လူကာကူကို ဖုန်းခေါ်လိုက်တာလား။ အဲဒါက တစ်ခုခုတော့ ဆုံးဖြတ်ရမှာဖြစ်ပြီး ထူးခြားမှုတော့မရှိပါဘူး။ ကျွန်တော် တွေးထင်ထားတာကို လူကာကူကိုပြောခဲ့ပြီးနောက် သူ့ကို ဆက်သွယ်လို့ မရတော့ပါဘူး"လို့ အင်တာမီလန် အားကစားဒါရိုက်တာက ပြောခဲ့ပါတယ်။

ရိုးမားနှင့် လူကာကူတို့ရဲ့ အပြောင်းအရွှေ့က နောက်ဆုံးနေ့တွင် အပြီးသတ်ခဲ့ပြီးနောက် ယခုအချိန်အထိ အော်ဆီလီယိုနှင့် အင်တာမီလန်တို့ နောက်ဆုံးရယ်မောနေကြပြီ ဖြစ်ပါတယ်။ အင်ဇာဂီရဲ့အသင်းဟာ စီးရီးအေရဲ့ဇယားထိပ်သီးမှာ ၂ မှတ် အသာဖြင့် ဖြတ်ထားတာပြီး သူ့တို့ရဲ့ နောက်ဆုံးနိုင်ပွဲက တနင်္ဂနွေနေ့မှာ အနိုင်ရရှိထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရိုးမားဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၅ မှတ်အကွာတွင် ရပ်တည်နေကာ တနင်္ဂနွေနေ့မှာ လက်စ်ချီနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လူကာကူဟာ လိဂ်ပွဲ ၈ ပွဲတွင် ၅ ဂိုးအထိ သွင်းခဲ့နိုင်ကာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ရန်အတွက် မျှော်လင့်နေပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ #အင်တာမီလန်