ရှေ့သို့
Image

မက်ဆီရဲ့ ဘော်လွန်းဒီအော်ဆုရရှိမှုကို ဝေဖန်ခဲ့တဲ့ လိုသာမားသီးရက်စ်အား တခြားတစ်နေရာရာမှာသွားငိုပါလား လို့ ပြောလိုက်တဲ့ ဒီမာရီယာ

10:56 AM, 2 November

မက်ဆီရဲ့ဘော်လွန်းဒီအော်ရရှိမှုကို မကောင်းပြောခဲ့တဲ့ လိုသာမားသီးရက်စ်ကို အခြားတစ်နေရာမှာ သွားငိုပါလားလို့ ဒီမာရီယာက တုန့်ပြန်ပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ၈ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုအား ဆွတ်ခူးနိုင်ခဲ့တာကို မားသီးရက်စ်က မကျေမနပ်ဖြစ်ပြီး ရှက်ဖွယ်ရာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ၅၂ ဂိုးကာ ဆုဖလား ၃ လုံး ရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ထိုက်တန်တဲ့ ဆုရှင်ကတော့ ဟာလန်းသာဖြစ်တယ်လို့ သူက ယုံကြည်နေတာဖြစ်ပါတယ်။

"ဟာလန်းဟာ တစ်နှစ်တာလုံး မက်ဆီထက် ပိုကောင်းအောင် လုပ်ပြခဲ့တာပါ။ မက်ဆီ ရရှိခဲ့တာကတော့ မထိုက်တန်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတာ တခြားအရာတွေထက် အများကြီးပိုတယ်ဆိုတာ ပြသနေပါတယ်" "ကျွန်တော့် အတွက်ကတော့ ဟာလန်းဟာ ပြီးခဲ့တဲ့ ၁၂ လတာရဲ့ အကောင်းဆုံး ကစားသမားပါ။ သူဟာ မန်စီးတီးနဲ့အတူ အဓိက ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန်တွေကိုလည်း ချိုးဖျက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဟာလန်းနဲ့ တန်းတူ ကစားသမားမျိုးမရှိပါဘူး။ ကျွန်တော်ဟာ မက်ဆီပရိသတ်တစ်ယောက်ဖြစ်ပေမဲ့ ရွေးချယ်မှုကတော့ ရှက်ဖို့ကောင်းပါတယ်" လို့ မက်သီးရက်စ်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့မှတ်ချက်တွေကို မက်ဆီရဲ့ အာဂျင်တီနားအသင်းဖော် ဒီမာရီယာက တစ်ခြားတစ်နေရာရာသို့ သွားငိုပါလားလို့ ရယ်မောနေတဲ့ အီမိုဂျီဖြင့် မှတ်ချက်ပေး ဝေဖန်ခဲ့ပါတယ်။ မားသီးရက်စ်ဟာ ဂျာမနီလက်ရွေးစင်အသင်းနှင့် အတူ ကမ္ဘာ့ဖလားရပြီးနောက် ၁၉၉၀ ခုနှစ်တွင် ဘော်လွန်းဒီအော်ဆုကို ရရှိခဲ့ပါတယ်။

ဆုရဖူးသမျှ အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး ၂၀၂၀ ခုနှစ်ရွေးချယ်ခဲ့တဲ့ ဘော်လွန်းဒီအော် Dream Team မှာလည်း သူက ပါဝင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံသားဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၂ ဂိုး သွင်းယူပြီးနောက် ဟာလန်း အတွက် သူ့ရဲ့ထောက်ခံ ပြောကြားချက်တွေကို နားလည်နိုင်ပေမယ့် မက်ဆီကတော့ စွမ်းဆောင်ရည် မြင့်မားနေဆဲဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ကာတာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနား အသင်းကို အနိုင်ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၂၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး အင်တာမီယာမီကို မပြောင်းမီ လီဂူးဝမ်းကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#ဒီမာရီယာ #မက်ဆီ #မားသီးရက်စ်