ရှေ့သို့
Image

ရောမမှာရှိတဲ့ ရိုးမားစတား စမောလင်းရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရ

8:47 AM, 2 November

လမ်းသရဲဂိုဏ်းတစ်ခုက အိမ်ဖောက်ထွင်းတဲ့သူတွေဟာ ရိုးမားနောက်ခံလူ စမောလင်းရဲ့နေအိမ်ကို ဖောက်ထွင်းပြီး အေးအေးဆေးဆေးခိုးယူဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။

ယူနိုက်တက်စတားဟောင်းကို ရဲတပ်ဖွဲ့ ဘာတွေပါသွားလဲဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အသက် ၃၃ နှစ်သားဟာ လက်ရှိ ရိုးမားအသင်းမှာ ကစားနေတာဖြစ်ပါတယ်။ အီတလီမီဒီယာတွေရဲ့အဆိုအရ တောကားဘုန်းမှာရှိနေတဲ့ စမောလင်းရဲ့နေအိမ်က တနလာၤနေ့တုန်းက ဖောက်ထွင်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းတွေအရ လူဆိုးဂိုဏ်းတစ်ခုဟာ စမောလင်းရဲ့အိမ်ကို ပါးနပ်စွာ ဖောက်ထွင်းခဲ့တယ်လို့ သိရပါတယ်။ အထဲကိုဝင်ဖို့ အဆင်မပြေခဲ့တဲ့နောက် သူတို့ဟာ အိမ်ကနေ လုံခြုံရေးပစ္စည်းကို ခိုးယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့တော့ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး မီဒီယာတွေရဲ့အဆိုအရ လူဆိုးဂိုဏ်းသားတွေဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး အရှေ့ဥရောပက ဖြစ်တယ်လို့ သိရပါတယ်။

SunSport သတင်းဌာနကတော့ ပြည်တွင်းရဲတပ်ဖွဲ့ရဲ့မှတ်ချက်ကို ချိတ်ဆက်နေပါတယ်။ စမောလင်းဟာ ယခင်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့သေးတာဖြစ်ပြီး ၂၀၂၁ တုန်းက စမောလင်းတစ်ယောက် သူ့မိန်းမ ဆမ်ကွက်ခ်၊ သားဖြစ်သူ လီယိုတို့ရှေ့မှာ လုယက်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်အပြီးမှာ သူ့မိသားစုဟာ စိုးရိမ်ထိတ်လန့်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့အကူအညီကို ရယူခဲ့ရပါတယ်။ အငှားလာကစားချိန်မှာ အဆင်ပြေခဲ့တာကြောင့် ၂၀၂၀ တုန်းက ရိုးမားအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းက ပရီးမီးယားလိဂ် ၂ ကြိမ်ရယူနိုင်ခဲ့ပြီး ၂၀၁၇ ဇွန်လတုန်းက မော်ဒယ်ဆမ်နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စမောလင်းဟာ ဒဏ်ရာ ရရှိနေပြီး စက်တင်ဘာလ ၁ ရက်နေ့တုန်းက နောက်ဆုံးပွဲ ကစားခဲ့တာဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းတုန်းက ပရီးမီးယားလိဂ်ဘက်က စိတ်ဝင်စားမှုတွေရှိခဲ့ပေမယ့် ရိုးမားအသင်းမှာပဲ ဆက်နေပြီး ၂ နှစ် သက်တမ်းတိုးခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #စမောလင်း