ဘာစီလိုနာ လူငယ်အသင်းမှာကတည်းက မက်ဆီဟာ အကောင်းဆုံး ကစားသမားဖြစ်လာမယ်ဆိုတာ သူသိခဲ့ကြောင်း ရော်နယ်ဒင်ဟို အခိုင်အမာဆို
8:52 AM, 1 November
ဘာစီလိုနာ လူငယ်အသင်းမှာကတည်းက မက်ဆီကို ကြည့်ရှုခဲ့ပြီးနောက် အနာဂတ်မှာ အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်ဆိုတာ သူသိနေခဲ့ကြောင်း ရော်နယ်ဒင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘရာဇီးသားရဲ့ပြောကြားချက်ကို တနလာၤနေ့တုန်းက မက်ဆီတစ်ယောက် ၈ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆု ရရှိခဲ့ပြီးနောက် သက်သေထူခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုက အသက် ၁၉ နှစ်သားအရွယ်မက်ဆီတစ်ယောက် ဘာစီလိုနာနဲ့ အတူ ပွဲထွက်တုန်းက အတူကစားခဲ့ဖူးတာဖြစ်ပြီး နည်းပြ ဖရန့်ခ်ရီဂျာကက်တ်လက်အောက်မှာ ကစားခဲ့သေးတာဖြစ်ပါတယ်။ ဒင်ဟိုဟာ အာဂျင်တိုင်းသား လာမာစီယာအကယ်ဒမီမှာ ကစားတုန်းကလည်း သွားရောက်ကြည့်ရှုခဲ့ဖူးတာဖြစ်ပါတယ်။
“ကျွန်တော် နဲ့ ဒေကိုတို့အပါအဝင် တစ်သင်းလုံး မက်ဆီလူငယ်အသင်းမှာ ကစားနေတုန်းက သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ အဲ့ကတည်းက သူဟာ အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်ဆိုရင် သိနေခဲ့ပါတယ်”လို့ ဒင်ဟိုက ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ဂွါဒီယိုလာရောက်လာပြီးနောက် ဘာစီလိုနာ အသင်းဆီကနေ ရောင်းထုတ်ခံခဲ့ရပြီး ဘရာဇီးသားက မက်ဆီအပေါ် ဆိုးဝါးတဲ့လွှမ်းမိုးမှုတွေရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် စပိန်ဂျာနယ်လစ် ဂရေဟမ်ဟန့်တာရဲ့ “Barca: The Making Of The Greatest Team In The World” စာအုပ်ထဲမှာတော့ ဒင်ဟိုအပါအဝင် ဘာစီလိုနာ စီနီယာကစားသမားတွေဟာ မက်ဆီကို မိသားစုလို ဆက်ဆံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒင်ဟိုကလည်း အက်သလက်တစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ အဲ့တာတွေက အဓိပ္ပာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအင်တာမိုင်ယာမီမှာ ကန်နေတာဖြစ်ပြီး လာမယ့်နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနား အတွက် ပါဝင်ကစားဖွယ်ရှိနေပါတယ်။