ရှေ့သို့
Image

ချဲလ်ဆီးထံမှ အငှားနဲ့ခေါ်ယူထားတဲ့ ကီပါကို အပြီးသတ်ခေါ်ယူဖို့ အဆင်သင့်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

2:33 PM, 31 October

ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးထံမှ အငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမားကီပါကို ၃ လခန့်အကြာမှာတော့ အပြီးသတ်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရှိရပါတယ်။ သို့သော် ပြီးခဲ့တဲ့ ၅ နှစ်က ချဲလ်ဆီးရဲ့ ဂိုးသမားတစ်ဦး အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၁ ဒဿမ ၆ သန်းကုန်ကျခဲ့ရတဲ့ ကီပါကို ရီးရဲလ်က ပေါင် ၁၇ သန်းထက်ပိုပေးမှာ မဟုတ်ပါဘူး။

အသက်-၂၉ နှစ်အရွယ် ကီပါဟာ ၎င်းရဲ့မွေးရပ်စပိန်သို့ ချဲလ်ဆီးမှ ‌တစ်ရာသီကြာအငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ကော်တိုရစ်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ကစားနေတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူဖို့လိုအပ်နေတဲ့ ကော်တိုရစ်ဟာလည်း တစ်ချိန်က ချဲလ်ဆီးဂိုးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

ကီပါဟာလည်း ချဲလ်ဆီးကနေ အပြီးသတ်ထွက်ခွာလိုကြောင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၈ သောင်းကိုလည်း ဖြတ်တောက်ခံသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဂိုးသမားဟာ စတန်းဖို့ဒ်ဘရစ်ခ်ျနဲ့ စာချုပ်သက်တမ်း ၂ နှစ်ခန့်ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ယခုရာသီ လာလီဂါမှာရီးရဲလ်မက်ဒရစ်ဟာ ကီပါရဲ့စွမ်းဆောင်မှုနဲ့အတူ တစ်ပွဲသာရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ ယခုအခါ ချဲလ်ဆီးဟာလည်း ကီပါရဲ့နေရာမှာအစားထိုးဖို့ ရောဘတ်ဆန်းချက်ဇ်ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။ သို့သော် ရီးရဲလ်မက်ဒရစ်ဟာ ကီပါကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ၎င်းတို့ရဲ့ ဒုတိယဦးစားပေးဂိုးသမား အန်ဒရီလူနင်ကို ချဲလ်ဆီးထံ အလဲအလှယ်အနေနဲ့ ပြောင်းရွှေ့စေဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာလည်း ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်ထံမှ ကိုဗာဆစ်ကိာ ၎င်းတို့ထံမှ ကော်တိုရစ်နဲ့ သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကစားသမားချင်း အလဲအလှယ်ပြုလုပ်ပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယခုအခါ ကော်တိုရစ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်‌ရာ‌ကြောင့် လက်ရှိရာသီ ရီးရဲလ်ရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားဖွယ်ရှိနေပါတယ်။ သို့သော်လည်း ကီပါဟာ လာမယ့်ရာသီမှာ ဒဏ်ရာမှပြန်လည်သက်သာလာမဲ့ ကော်တိုရစ်နဲ့ ပွဲထွက်ခွင့်အတွက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။

ချဲလ်ဆီးဟာလည်း ဆန်းချက်ဇ်ကို လက်ရှိမှာနံပါတ် ၁ ဂိုးသမားနေရာပေးထားသော်လည်း အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးကို စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ရမ်စ်ဒေးဟာ ဘရန့်ဖို့ဒ်မှ ဒေးဗစ်ရာယာ အာဆင်နယ်သို့ အငှားနဲ့ရောက်ရှိလာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

#ကီပါ #ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့