ရှေ့သို့
Image

ယူနိုက်တက်ကိုအနိုင်ရပြီးနောက် အန်တိုနီကို ဦးတည်ဝေဖန်လိုက်တဲ့ ဒိုကူ

11:19 AM, 31 October

တနင်္ဂနွေနေ့တုန်းက ယူနိုက်တက်ကို ၃ ဂိုးပြတ်အနိုင်ရပြီးနောက် မန်စီးတီးစတား ဒိုကူက ယူနိုက်တက်စတား အန်တိုနီကို ဦးတည်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မြေမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်ကို ဟာလန်းရဲ့သွင်းဂိုး ၂ ဂိုး ၊ ဖိုဒန်ရဲ့နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အန်တိုနီဟာ စီးတီးအသင်း ၃ ဂိုးရနေချိန် နောက်ကျပိုင်းမှ လူစားဝင်ခွင့်ရရှိခဲ့ပြီး ဘရာဇီးသားဟာ မန်စီးတီးစတား ဒိုကူနဲ့ အချင်းများခဲ့တာဖြစ်ပါတယ်။

ဒိုကူ နဲ့ အန်တိုနီတို့အချင်းများနေချိန်မှာ ကိုဗာဆစ်ကပါ ဝင်လာပြီး ပေါလ်တီယာနေးက အဝါကတ်ပြသခံခဲ့ရပါတယ်။

ပွဲအပြီးမှာ ဒိုကူက အန်တိုနီနဲ့အချင်းများနေတဲ့ပုံကို တွစ်တာမှာတင်ခဲ့ပြီး “စိတ်အေးအေးထားပါ။ မန်ချက်စတာက အပြာရောင်ပါ”လို့ တင်ခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ကလည်း အန်တိုနီရဲ့လုပ်ဟာ ရှက်စရာလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ “ဒိုကူဘက်က လုံးဝမှန်ပါတယ်။ အန်တိုနီက သူ့ကိုကန်ခဲ့တာပါ။ ဒိုကူဘက်က မှန်တာပါ။

ယူနိုက်တက်က သူ့ရဲ့စည်းကမ်းပိုင်းဆုံးရှုံးခဲ့ပါတယ်။ သူတို့လုပ်ရပ်က ရယ်စရာပါ။ ကျွန်တော် သူအထုတ်ခံရသင့်တယ်လို့တောင် ထင်ပါတယ်”လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #အန်တိုနီ #ဒိုကူ