ရှေ့သို့
Image

အင်္ဂလန်ရဲ့ကြီးကျယ်ခမ်းနားဆုံးကစားကစားဖြစ်တဲ့ ဘော်ဘီချာတန်ကို ဂုဏ်ပြုလိုက်တဲ့ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်

4:52 PM, 30 October

အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့သတင်ကြားခဲ့ရပြီးနောက်မှာတေ့ ယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်က သရဲနီဂန္တဝင်ကြီးကို ဂုဏ်ပြုလိုက်ပါတယ်။


အင်္ဂလန်သားနှင့် ပတ်သက်ပြီး စကော့တလန်သားရဲ့ အမှတ်တရတွေက ၁၉၅၀ ခုနှစ်တွေဆီကဖြစ်ပြီး ကစားသမားတစ်ဦးနှင့် အမျိုးသားတစ်ဦးအဖြစ် ချီးကျူးခံရရုံမှတစ်ပါး အခြားအရာမရှိပါဘူး။


"မြူးနစ်ဖြစ်ရပ်ဆိုးကနေ လွတ်မြောက်လာပြီး နှစ်လအကြာ ၁၉၅၈ ခုနှစ် ဧပြီလ ဟမ်ဒန်ပါ့ခ်တွင် စကော့တလန်နှင့်ပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးပွဲဦးထွက်စဉ် ဘော်ဘီချာတန်ကို ပထမဆုံး မျက်စိကျခဲ့ပါတယ်"


"စကော့တလန်ပရိတ်သတ်တစ်ယောက်အနေနဲ့ ကျွန်တော်အဲဒီမှာရှိခဲ့တာပါ။ ထောင့်ကန်ဘောကန်တင်တဲ့ အလံဘေးနားက လှေကားထစ်တွေပေါ်မှာ ရပ်နေခဲ့ပြီး အရမ်းကောင်းတဲ့ နောက်တန်းကစားသမား အဲလက်စ်ပါကာကာနဲ့ အပြင်ဘက်မှာ ကစားနေတဲ့ တွမ်ဖိုင်နေးကို အမှတ်ရမိပါတယ်။ တစ်ကြိမ်တွင် ဖိုင်နေးက ပါကားကိုကျော်ပြီး ဘောလုံးကို လိုင်းပေါ်သို့ယူကာ ဘော်ဘီချာတန်အတွက် ဖြတ်တင်ပေးပို့ခဲ့ပါတယ်"


"အဲဒီအချိန်တုန်းက ဂိုးသွင်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခုန်အုပ်ပြီး အောင်ပွဲခံတဲ့ပုံစံမျိုးတွေ မရှိခဲ့ဘူး။ ဘော်ဘီက အသင်းဖော်တွေရဲ့ နောက်ကျောကို နှစ်ချက်လောက်ပုပ်ကာ ကွင်းလယ်သို့ ပြန်ပြေးသွားခဲ့ပါတယ်"


"ဒါပေမယ့် စကော့တလန်ဂိုးသမားက သူ့ဂိုးပေါက်ရဲ့ ကိုက် ၄၀ အကွာသို့ ပြေးထွက်သွားခဲ့ကာ အရမ်းကောင်းတဲ့ဂိုးကြောင့်မဟုတ်ဘဲ ဘော်ဘီဖြစ်ခဲ့တဲ့အတွက် သူ့ကိုသွားရောက်ဂုဏ်ပြုခဲ့ပါတယ်။ ထိုနေ့က အားကစားကွင်းထဲရှိ လူတိုင်းက သူ့နဲ့ပတ်သက်ပြီး မှော်အတက်နည်းနည်းလောက်ရှိရှိနေတာကို မြင်နိုင်ခဲ့ပါတယ်"


"ဆယ်စုနှစ် သုံးခုလောက်အကြာ အက်ဘာဒန်နည်းပြဖြစ်လာတော့ ကျွန်တော်တို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုတွေ စတင်ခဲ့ပြီး ယူနိုက်တက်တို့ နည်းပြအသစ်ကို ရှာဖွေနေချိန်မှာ ဘော်ဘီဟာ ယူနိုက်တက်ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေခဲ့ပါတယ်"


"ဒါရိုက်တာတွေက ကျွန်တော့်ကို ဂလက်စ်ဂိုမှာလာရောက်တွေ့ဆုံခဲ့ပြီး အလုပ်အတွက် ဘယ်လိုမြင်လဲလို့ မေးခဲ့ပါတယ်။ အက်ဘာဒန်မှာရှိတဲ့ တူညီတဲ့ချဉ်းကပ်မှုကို ခံယူပြီး ကလပ်တစ်ခုလုံးကို ထူထောင်ဖို့ မဟုတ်ဘဲ အသင်းတစ်ခုလုံးကို ထူထောင်ဖို့နဲ့ လူငယ်ကစားသမားတွေ ပြုစုပျိုးထောင်ကာ လုပ်ဆောင် မယ်လို့ ပြောခဲ့ပါတယ်"


"ဒါကို ကျွန်တော်ရှင်းပြနေတဲ့အချိန်မှာ ဘော်ဘီက တခြားဒါရိုက်တာတစ်ယောက်ယောက်ကို ညှိနှိုင်းနေတာကိုတွေ့ခဲ့ရပါတယ်။ နောက်ပြီး သူက ဒါလိုမျိုးကို ငါတို့လိုချင်တာပါလို့ ပြောခဲ့ပါတယ်။ သူ့စိတ်ထဲမှာလည်း စွဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ ကျွန်တော်အတွက် ခွန်အားရှိဖို့ တံတိုင်းကြီးဖြစ်ခဲ့ပါတယ်"


"ကမ္ဘာ့နေရာတိုင်း၊ ရုပ်သံချန်နယ်တိုင်းနဲ့ သတင်းစာတိုင်းမှာ ဆာဘော်ဘီကို ချီးကျူးဂုဏ်ပြုတာကို တွေ့ခဲ့ရတာ ကျွန်တော့်အတွက် အံ့သြစရာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကြီးကျယ်အခမ်းနားဆုံး အကောင်းဆုံးအင်္ဂလိပ်ကစားသမားဖြစ်တဲ့အတွက် မေးခွန်းထုတ်စရာကို မရှိပါဘူး"


"သူ့ရဲ့သွင်းဂိုးတွေကြောင့် ပရိသတ်တွေက ချစ်ခဲ့ကြပေမယ့် အဲ့ဒါထက် ပိုပါတယ်။ အောင်မြင်မှုမှာ နှိမ့်ချမှုဆိုတာ ကြီးမြတ်ခြင်းရဲ့ လက္ခဏာတစ်ခုလို့ ကျွန်တော့်အဖေက ပြောဖူးပါတယ်။ အဲဒါက ဘော်ဘီ ပါပဲ။ သူ့ကိုယ်ပိုင်အောင်မြင်မှုတွေအကြောင်း ဘယ်တုန်းကမှ မဝါကြွားခဲ့ဖူးပါဘူး။ အမြဲတမ်း အသင်းနဲ့ ကလပ်အကြောင်းကိုသာ ပြောတာပါ" လို့ ဖာဂူဆန်က ဘော်ဘီချာတန်နဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ်