ရှေ့သို့
Image

ရီးရဲလ်ထက် ဘိုင်ယန်ကိုရွေးချယ်ခဲ့တဲ့အပေါ် ကိန်းကို ဝေဖန်လိုက်တဲ့ အိုဝင်

9:24 AM, 29 October

ယူနိုက်တက် နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဟယ်ရီကိန်းတစ်ယောက် ရီးရဲလ်ကိုစောင့်တာထက် ဘိုင်ယန်ကိုရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်လိုက်ပါတယ်။ 

အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ငယ်ဘဝကလပ် တော့တင်ဟမ်ကနေထွက်ခွာပြီး ဘိုင်ယန်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းတွေအရ ကိန်းတစ်ယောက် ပရီးမီးယားလိဂ်မှာဆက်နေဖို့ သတင်းကြီးခဲ့ပေမ့် အဆုံးသတ်ခါနီးမှ ဘိုင်ယန်ထံ ၄ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

အိုဝင်ကတော့ ကိန်းတစ်ယောက် ဖိအားတွေများလာနိုင်တယ်လို့ ယုံကြည်နေပြီး ရီးရဲလ်ကိုပြောင်းဖို့ စောင့်ဆိုင်းသင့်တယ်လို့ ဆိုလိုက်ပါတယ်။

“ဆုံးဖြတ်ချက်က သူ့လက်ထဲမှာရှိတာတော့ မှန်ပါတယ်။ ကာလရှည်စာချုပ်သက်တမ်းမတိုးဖို့ ဆုတောင်းခဲ့မှာပါ။ အဲ့နောက် သူ့ကစားသမားဘဝကို သူကိုယ်တိုင်ထိန်းချုပ်တာနေမှာပါ။

၁ နှစ်လောက်ဆက်နေပြီး ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာကို ပြောင်းရမှာပါ။ နောက်ဆုံးအခိုက်အတန့်မှာ သူကျွန်တော့်ကို ပြိုလဲအောင်လုပ်ခဲ့ပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

အိုဝင်က ဂျာမန်မြေမှာ ၁၂ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ကိန်းခြေစွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ကိန်းအနေနဲ့ အင်္ဂလန်မှာဆက်နေပြီး ဇန်နဝါရီမှာမှ ဆုံးဖြတ်သင့်တယ်လို့ ယုံကြည်နေကာ ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်တာအပြင် ဘာမှမထူးခြားဘူးလို့ ဆိုပါတယ်။

“ကိန်းက မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားပါ။ သူအခုချိန်အထိ ကောင်းကောင်းကစားနိုင်တာကို ကျွန်တော် မအံ့သြပါဘူး။ သူ့မှာ ထူးခြားတဲ့အရည်အချင်းရှိနေပါတယ်။ တော့တင်ဟမ်ကနေ ဘိုင်ယန်ကိုပြောင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။

သူ့အနေနဲ့ တော့တင်ဟမ်မှာ နောက်တစ်နှစ်ဆက်နေသင့်ပါတယ်။ တကယ်လို့ထွက်ခွာချင်တယ်ဆိုရင်တောင် ဇန်နဝါရီမှာမှ ဆုံးဖြတ်ရမှာပါ။ တော့တင်ဟမ်က အံ့အားသင့်ဖွယ်ကစားနေပြီး ဆုဖလားစိန်ခေါ်မယ့်အသင်းအဖြစ် စွမ်းဆောင်နေပါတယ်။

သူဆက်နေခဲ့သင့်တာမှန်ပေမယ့် ဆုံးဖြတ်ချက်က သူ့လက်ထဲမှာရှိနေတာဖြစ်ပြီး ဘယ်အသင်းမဆိုပြောင်းနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း သူ့အနေနဲ့ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နိုင်မယ့်စံချိန်ရှိနေပါတယ်။

အဲ့တာက သူ့ဘဝမှတ်တိုင်ကို တည်ဆောက်နိုင်မယ့်အခြေအနေပါ။ ဘိုင်ယန်က ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ဆုဖလားရနိုင်ဖို့ဆိုတာက ဘွန်ဒက်စ်လီဂါပဲရှိနေပါတယ်။

ဘိုင်ယန်က ကိန်းမရှိလည်း ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မထွက်ခွာသင့်ဘူးလို့ ထင်ပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

#ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #မိုက်ကယ်အိုဝင်