ရှေ့သို့
Image

ဇာနီအိုလိုကို လောင်းကစားမှုအတွက် စွဲချက်မတင်ထားဘူးလို့ ဆိုလာတဲ့ အီတလီဘောလုံးအဖွဲ့ချုပ်

9:14 AM, 29 October

အခုရက်ပိုင်းအတွင်း အီတလီဘောလုံးလောကကို အပြင်းအထန်တုန်လှုပ်သွားစေတဲ့ လောင်းကစားမှုအရှုပ်အထွေးမှာ ပါဝင်တယ်ဆိုတဲ့ သံသယဖြင့် ဇာနီအိုလိုကို စွဲချက်တင်ထားတာမျိုး မရှိဘူးလို့ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ယမန်နေ့(စနေနေ့)မှာ ထုတ်ပြန်ပါတယ်။

"ဇာနီအိုလိုက ဘောလုံးပွဲတွေမှာ လောင်းကစားလုပ်တယ်ဆိုတဲ့ သတင်းအချက်အလက်(သို့မဟုတ်) စွဲချက်မျိုးမရှိပါဘူး"လို့ FIGC က ဆိုပါတယ်။

အက်စတွန်ဗီလာနဲ့ အီတလီတိုက်စစ်မှူး ဇာနီအိုလိုကို တရားမဝင်ပြစ်မှုမြောက်တဲ့လောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်မှုရှိ၊မရှိ တူရင်မြို့အခြေစိုက်ရှေ့နေတွေက ပြီးခဲ့တဲ့သောကြာနေ့မှာ စုံစမ်းစစ်ဆေးမေးမြန်းခဲ့ပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ အကျိုးဆောင်တွေကတော့ ကစားသမားဟာ ဖဲကစားဖို့အတွက်သာ တရားမဝင်လောင်းကစားဆိုဒ်တွေကို အသုံးပြုခဲ့ပြီး ဒီအတွက် ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ဘောလုံးသမားတွေကို ဘောလုံးပွဲလောင်းကစားမပြုလုပ်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားပြီး ကိုယ့်မိခင်ကလပ်အသင်းရဲ့ပွဲစဉ်တွေကို အလောင်းအစားလုပ်မယ်ဆိုရင် ကြီးလေးတဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

FIGC က အီတလီလက်ရွေးစင်ကစားသမားတိုနာလီကို တရားမဝင်ဘောလုံးပွဲလောင်းကစားမှုအတွက် ၁၀ လကြာ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ဒီပြစ်ဒဏ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာ သက်ရောက်မှုရှိစေရမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အတည်ပြုပေးခဲ့ပါတယ်။

#ဇာနီအိုလို #အက်စတွန်ဗီလာ #ပရီးမီးယားလိဂ်