ရှေ့သို့
Image

ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲက ဟက်ထရစ်ရှင် အန်ကီတီယာကို အထူးချီူးကျူးလိုက်တဲ့ အာတီတာ

8:55 AM, 29 October

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ယမန်နေ့ည ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အက်ဒီအန်ကီတီယာကို အထူးချီးကျူးသွားခဲ့ပါတယ်။

အန်ကီတီယာဟာ ပုံမှန်အောက်ရောက်တဲ့ခြေစွမ်းတွေကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ရလေ့ရှိပေမယ့် ယမန်နေ့ညကတော့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်း ဦးဆောင်ဂိုးရဖို့ ခက်ခဲနေချိန် အန်ကီတီယာက တစ်ကိုယ်တော်သွင်းဂိုးနှစ်ဂိုးအပါအဝင် သုံးဂိုးဆက်တိုက်သွင်းပြီး အသင်းကို ကူညီပေးခဲ့ပါတယ်။

အာတီတာက "ကျွန်တော့်အတွက်တော့ သူက ထိပ်တန်းအဆင့်ကစားသမားပါ။ သူ ပရီးမီးယားလိဂ် ၁၀ပွဲမှာ ၉ပွဲ ပွဲထွက်ခဲ့ပြီး အဲ့ဒါက ကျွန်တော် သူ့ကို ဘယ်လောက်ယုံလဲဆိုတာရယ်၊ အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာရယ်ကို ပြသနေပါတယ်။

အကယ်ဒမီကစားသမားတစ်ယောက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့လို့ ကျွန်တော် သူ့အတွက် ပျော်ပါတယ်။ သူ အဲ့ဒီအခိုက်အတန့်တွေမှာ ပျော်ရွှင်နိုင်ဖို့လိုပြီး ချီးကျူးမှုနဲ့လည်း ထိုက်တန်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ဂိုးတွေ ထပ်လာဖို့လည်း မျှော်လင့်ပါတယ်။

သူက အာဆင်နယ်အတွက် ကစားပေးနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရနေပါတယ်။ သူက ခြေစွမ်းကောင်းပြီးသား တိုက်စစ်မှူးဖြစ်လို့ ဒီထက်ပိုကောင်းလာနိုင်ပါတယ်။ ဒါက သူ့ရဲ့အရည်အချင်းနဲ့ အကောင်းဆုံးရရှိလာတဲ့အရာပါပဲ။ သူသာ အရည်အချင်းရော၊ စိတ်ဓာတ်ကောင်းတွေရော ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီထက်ပိုကောင်းလာဦးမှာပါ။"လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးညမှာတော့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အန်ကီတီယာ #ပရီးမီးယားလိဂ်