ရှေ့သို့
Image

လာလီဂါချန်ပီယံဆုဖလားအတွက် အရေးပါတဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ လွဲချော်ဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်စတား ကာမာဗင်ဂါ

3:47 PM, 28 October

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လာလီဂါချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးအတွက် အားစိုက်လုပ်ဆောင် နေတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျီရိုနာအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ပွဲစဉ်အတွင်း အနီကဒ်ပြသခံလိုက်ရတဲ့ နာချိုကို ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ် ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် နစ်နာခဲ့ရတဲ့အပြင် ကာမာဗင်ဂါကပါ ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြည့်မဝသေးတာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်အပါအဝင် အရည်သွေးမြင့် ကစားသမားအချို့ကို အားဖြည့်ကာ ပုံစံကောင်းဖြင့် ချီတက်ရန် နည်းပြ အန်ဆယ်လော့တီက ပြင်ဆင်ထားခဲ့ပေမဲ့ ဘာနေဗျူးအခြေစိုက်ကလပ်ရဲ့ ရာသီအစ ခရီးလမ်းက ကြမ်းတမ်းခဲ့ပြီး အဓိက နောက်တန်းကစားသမားအများစုကို စုံညီစွာ တစ်ပြိုင်နက်အသုံးပြုရမှု နည်းပါးနေတာလည်း ဖြစ်ပါတယ်။ 

ဘောလုံးရာသီမစတင်မီမှာ ကော်တိုရစ် ဒဏ်ရာရခဲ့တဲ့အပြင် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ အဓိက အားထားရတဲ့ နောက်တန်းဗဟိုကစားသမား မီလီတာအို ဒဏ်ရာထပ်မံရခဲ့သလို လက်စ်ပါမားကို ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း နောက်တန်းကစားသမား ရူဒီဂါ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ရာသီအစမှာ ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုတွေ ကြုံတွေ့နေရပေမဲ့ ဘယ်လင်ဂမ်ရဲ့‌ ခြေစွမ်းပြမှုနဲ့ အတူ ရလဒ်ပိုင်း ကောင်းမွန်နေပြီး ၁၀ ပွဲကစားပြီးချိန်တွင် ရမှတ် ၂၅ မှတ်အထိရရှိကာ အမှတ်ပေးဇယားမှာ ဦးဆောင် ရပ်တည်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းဘရာဂါအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လေ့ကျင့်မှုပြုလုပ်စဉ်ကတည်းက နှုတ်ထွက်ခဲ့ရတဲ့ ကာမာဗင်ဂါအနေဖြင့် ပွဲကစားခွင့် လွဲချော်ခဲ့ရသလို လာလီဂါ ချန်ပီယံဆု ဆွတ်ခူးနိုင်ရေးအတွက် အရေးပါတဲ့ နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်သွားနိုင်တာပဲ ဖြစ်ပါတယ်။ 

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ