ရှေ့သို့
Image

ပါတေးနဲ့ ဂျီးဆပ်စ်ကို ရက်သတ္တပတ်အနည်းငယ် လက်လွှတ်ရမယ်လို့ အာတီတာအတည်ပြု

7:53 AM, 28 October

မီကယ်အာတီတာက သောမက်စ်ပါတေးနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ကို ဒဏ်ရာပြဿနာတွေကြောင့် ရက်သတ္တပတ်အနည်းငယ် လက်လွှတ်ရမယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်နည်းပြက ယနေ့ည ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် ဒဏ်ရာအခြေအနေတွေကို ယခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပါတေးဟာ ယခုနှစ်ရာသီအတွင်း ဒဏ်ရာတွေကြောင့် အာဆင်နယ်ရဲ့ပွဲစဉ်တွေကို လွဲချော်နေခဲ့သလို ပြီးခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။

ဆီဗီလာနဲ့ပွဲမှာ ဂျီးဆပ်စ်က ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့ကာ လူစားလဲခံခဲ့ရသလို ယနေ့ညပွဲကိုလည်း လွဲချော်ဖို့ ရှိနေပါတယ်။

ဂျီးဆပ်စ်ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အာတီတာက "စစ်ဆေးမှုအရ ကြွက်သားဒဏ်ရာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်လောက် သူ့ကို ဆုံးရှုံးရပါမယ်။"လို့ ပြောခဲ့ပါတယ်။

ပါတေးရဲ့ဒဏ်ရာအပေါ် စပိန်သားက "ပါတေးလည်း ကြက်သားဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရမယ်လို့ မျှော်မှန်းထားပါတယ်။ သူ ဘယ်လောက်ထိ နားရမယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ စစ်ဆေးမှုတွေ ပြုလ်ုခဲ့ပေမယ့် ဆီဗီလာနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရသွားပါတယ်။ ကံမကောင်းစွာပဲ ဒီလိုဖြစ်သွားပါတယ်။"လို့ ဆိုပါတယ်။

ပါတေးဟာ ပေါင်ခြံဒဏ်ရာကြောင့် စက်တင်ဘာလတစ်လုံးနီးပါးကို လွဲချော်ခဲ့ပြီးနောက် မန်စီးတီးနဲ့ပွဲစဉ်မှာ ၁၅မိနစ်လောက် ဝင်ကစားသွားခဲ့ပါတယ်။

ဂျီးဆပ်စ်မရှိချိန် ကိုင်ဟားဗက်ဇ်၊ အန်ကီတီယာ၊ ထရိုဆက်တို့က အာဆင်နယ်တိုက်စစ်ကို ဦးဆောင်ဖွယ်ရှိနေပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ဟို၊ ဒီကလန်ရိုက်စ်အပြင် ဗီအဲရာ၊ စမစ်ရိုတို့ ပါဝင်သွားဖွယ်ရှိနေပါတယ်။


#အာဆင်နယ် #ပါတေး #ဂျီးဆပ်