ရှေ့သို့
Image

မန်ချက်စတာဒါဘီမှာ အနိုင်ကန်ဖို့ စီးတီးအသင်း အသင့်ဖြစ်နေပြီလို့ အကန်ဂျီ ထုတ်ဖော်ပြောကြား

11:28 AM, 27 October

မန်စီးတီးနောက်ခံလူ အကန်ဂျီက အိုးထရက်ဖို့ဒ်မှာကစားမယ့် မန်ချက်စတာဒါဘီမှာ အနိုင်ကန်ဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ယန်းဘွိုင်းလ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အကန်ဂျီဟာ မန်ချက်စတာဒါဘီပွဲကို ပွဲပယ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အထုတ်ခံခဲ့ရပြီးနောက် အကန်ဂျီတစ်ယောက် ပြည်တွင်းပွဲစဉ်တစ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ “အဲ့တာက ကြီးမားတဲ့ပွဲပါ။ ခက်ခဲနိုင်ပေမယ့် ကျွန်တော့်လူတွေကို ကျွန်တော်ယုံပါတယ်။ ဒီပွဲအတွက်လည်း အသင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ အဝေးကွင်းမှာ ၃ မှတ်ပြည့်ရဖို့ သွားမှာပါ”လို့ အကန်ဂျီက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ စီးတီးဟာ မန်ချက်စတာဒါဘီမှာ အနိုင်ရမယ်လို့ ယုံကြည်မှုအပြည့်ရှိနေတာ ဖြစ်ပါတယ်။ စီးတီးဟာ ဘရိုက်တန်အသင်းအပြင် ယန်းဘွိုင်းလ်ကိုပါအနိုင်ကန်ထားနိုင်ခဲ့ပြီး အကန်ဂျီက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

“မှန်ပါတယ်။ အဲ့တာက စပယ်ရှယ်ပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ တယ်လို့ အသုံးချနိုင်ခဲ့မယ်ဆိုရင် ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးလောက်အထိ သွင်းယူနိုင်မှာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့နောက်တစ်ကြိမ် ကြိုးစားခဲ့ပြီး ယန်းဘွိုင်းလ်ကလည်း သူတို့အခွင့်အရေးတွေကို အသုံးချခဲ့ပါတယ်။ ချေပဂိုးက အရမ်းလွယ်လွန်းနေပြီး အဲ့နောက် ကျွန်တော်တို့ ၂ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ၃ မှတ်ပြည့်ရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ အကန်ဂျီက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ  ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၁၁ ရာသီဆက် တက်ရောက်နိုင်ဖွယ်ရှိနေပါတယ်။ တနင်္ဂနွေနေ့မှာတော့ စီးတီးဟာ မန်ချက်စတာဒါဘီပွဲအဖြစ် အဝေးကွင်းမှာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #အကန်ဂျီ #ပရီးမီးယားလိဂ်